အပိုင်း (၃၉) The End
"ဒါပေမယ့်... အကိုတစ်ယောက်တည်း ဖွင့်ဖတ်ရမှာပါ"
"ဗျာ"
"အားလုံးသိချင်နေကြတဲ့ ကျွန်တော့်ရဲ့ ချစ်ရသူက အက်ဆီးဒင့်တစ်ခုကြောင့် Coma အနေအထားဖြစ်နေတာပါ... သူနဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ပြောပြနိုင်ပါမယ်... သူ့အကြောင်းတွေ ထုတ်ဖော်ဖို့တော့ ဆန္ဒမရှိလို့ပါ"
"ဟုတ်ကဲ့... မေးခွန်းနည်းနည်းလောက် ထပ်မေးလို့ရမလား"
"မေးပါ ညီ"
"သူ.. ပြန်နိုးလာဖို့ အကိုစောင့်နေတာလား"
"မစောင့်ပါဘူး ညီ... အကိုနှလုံးသားထဲမှာ သူက အမြဲနိုးနေပြီးသားဖြစ်လို့ အကို့ဘေးနားရှိနေလို့ စောင့်နေတယ်ဆိုတာ အကိုနဲ့ မသက်ဆိုင်ဘူး"
"အကို သူ့ကိုအရမ်းချစ်တာပဲလား"
"ချစ်တယ်ဆိုတာထက်ပိုလေးနက်စွာ မြတ်နိုးရတာပါ"
ထို့နောက် သတင်းများက ပိုင်ငယ်မှာ Coma ဖြစ်နေသည့် ချစ်ရသူကိုပင် ယနေ့ထိ သစ္စာရှိစွာစောင့်နေကြောင်း အသားပေးဖော်ပြကြသည်။ ထိုသတင်းက လူအများကြားတွင် တဟုန်ထိုး ကျော်ကြားခဲ့ပြီး လူအများက ပိုင်ငယ့်၏ သစ္စာတရားကို ချီးကျူးကြလေသည်။
ပိုင်ငယ် အိမ်ပြန်ရောက်သည့်အခါ အိမ်မှအကူလေးများက ကြိုဆိုကြသည်။
"အကိုလေး ပြန်လာပြီလား.. သံပုရာရည်သောက်ဦးမလား"
"မသောက်တော့ဘူး ရီရီ... ကိုခန့်ကို ဒေါက်တာလာကြည့်သွားသေးလား"
"ဟုတ်ကဲ့ လာကြည့်သွားပါတယ်"
ပိုင်ငယ်က ထိုမျှသာပြောပြီး ကိုခန့်အခန်းဆီသို့ ဝင်လာခဲ့သည်။ ကိုခန့်ဘေးဝင်ထိုင်လိုက်ပြီး လက်လေးကို ဆုပ်ကိုင်လိုက်သည်။ ထိုသို့ ဆုပ်ကိုင်လိုက်ချိန် ပိုင်ငယ် ပင်ပန်းသမျှ ပျောက်သွားခဲ့ရသည်။
"မောင် စာအိတ်လေးတွေကို ဖွင့်ရတော့မယ်... မောင်ရင်ခုန်နေလားလို့ မေးချင်လား... ရင်မခုန်ဘူးလို့ ပြောရင် မောင်လိမ်တာပေါ့ ကိုခန့်... ရင်ခုန်တယ် ကိုခန့် မောင့်ကို ပြောချင်နေတာတွေကို သိချင်တယ် .. ဒီစာအိတ်လေးတွေကို ဖွင့်ဖို့အတွက် မောင်ရှင်သန်ခဲ့တယ် ယုံလား"
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)