Part 28

3.4K 294 17
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၂၈)

ပိုင်ငယ်အိပ်ပျော်သွားချိန် ကိုခန့်က အသာယာထထိုင်လိုက်မိသည်။ ကိုခန့်က ပိုင်ငယ့်ကို ကြည့်လိုက်ပြီး ဝဲတက်လာသောမျက်ရည်များကို သုတ်လိုက်သည်။ ပိုင်ငယ်က ချစ်သည်ဟု ဖွင့်ပြောလာသည့်အတွက် ကိုခန့်ပျော်ရသည်။ သို့သော် ကိုခန့် မချစ်ချင်တော့ပါ။ နာကျင်ရမည်ကို တွေးရင်းကြောက်မိသည်။

'ဘာလို့ ဖွင့်ပြောရတာလဲ မောင်... ဒီအတိုင်းလေးထားလိုက်ပါတော့လား...မောင် ဖွင့်ပြောတော့ ငါက ဘာဆက်လုပ်ရမှာလဲ'

ထိုညက ကိုခန့်တော်တော်နှင့် အိပ်မရခဲ့ပါ။ ရာသီဥတုက ညနက်လေအေးလေဖြစ်သည့်အတွက် ကိုခန့်က ဘွိုင်လာကို အနည်းငယ်မြှင့်လိုက်ပြီးမှ အိပ်ပျော်သွားခဲ့သည်။

မနက်နိုးလာသည့်အခါ ပိုင်ငယ်က လိုက်ကာဘေးတွင် ရပ်ပြီး အပြင်သို့ကြည့်နေလေသည်။ နောက်ကျောမှကြည့်ရသည့် ပိုင်ငယ့်ပုံရိပ်ကပင် အင်မတန်မှပြည့်စုံလှသည်။ ဖြူဝင်းလှပသည့်အသားရေ၊ ကောင်းချီးတို့ဖြင့်ပြည့်စုံသည့် အချိုးအစားတို့က အလင်းရောင်အောက်တွင်တောက်ပစွာ တည်ရှိနေတော့သည်။

ကိုခန့်က စောင်ကိုခွာပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည့်အခါ ပိုင်ငယ်က လှည့်ကြည့်လာသည်။

"အချစ် နိုးပြီလား.. အိပ်ရေးဝရဲ့လား"

"မင်း အဲ့လိုမျိုး ဘယ်ချိန်ထိခေါ်နေမှာလဲ"

"တစ်သက်လုံးပေါ့ အချစ်ရဲ့.. မောင်က အချစ်ကို အချစ်လို့ခေါ်တော့မှာ"

ကိုခန့်က ပြုံးရင်း ခေါင်းခါပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးခန်းတွင် သွားတိုက်ဆေးထည့်ထားသည့် သွားတိုက်တံလေးက ကြိုနေသည့်အတွက် ကိုခန့်မှာ မျက်ရည်ပင် ဝဲတက်လာရသည်။ ပိုင်ငယ်ထံမှ ပထမဆုံးသော ကြင်နာမှုကို ရလိုက်ခြင်းပင်။ ကိုခန့်တောင့်တခဲ့ရသည့် ဂရုစိုက်မှုများကို စတင်ရရှိခြင်းပင်။

ကိုခန့် ရေချိုးပြီး ထွက်လာချိန်တွင် ပိုင်ငယ်က ကုတင်ပေါ်၌ ဝတ်စရာထုတ်ထားပေးသည်။ ထုတ်ပေးထားသည့် အင်္ကျီမှာ ကျီးဥစိမ်းရောင်အဖျော့လေးဖြစ်ပြီး ကိုခန့်တွင် ထိုအရောင်မျိုးမရှိသေးပါ။ တစ်ခါမှ မဝတ်ဖူးဟုဆိုလျှင်ပိုမှန်ပေလိမ့်မည်။ ကိုခန့်က အသားညိုသည့်အတွက် ထိုသို့သောအရောင်များကို ဝတ်ဆင်လေ့မရှိခဲ့ပေ။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin