"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၃၆)
"စဉ်းစားပါတယ် နှင်း... ဒါပေမယ့် ကျွန်တော်က မောင့်ဘေးမှာရှိနေတာ အပြစ်မှမဟုတ်ဘဲ.. ပြီးတော့ ကျွန်တော် မောင့်နားမှာ ရှိနေချင်တယ်"
"ဒါပေမယ့် မဖြစ်သင့်ဘူး မဟုတ်လား"
"ဖြစ်သင့်တာ မဖြစ်သင့်တာတွေက ကျွန်တော်နဲ့ မောင်ပဲ ဆုံးဖြတ်ပါ့မယ်.. ဘေးလူဖြစ်တဲ့ နှင်းက ဒီအတိုင်းပဲ ဖယ်နေပေးပါ"
"နှင်းက ဘေးလူလား"
"အရင်ကတော့ နှင်းက မောင့်ရဲ့ သက်ဆိုင်သူပါ .. အခုကတော့ မောင်နဲ့ သက်ဆိုင်သူက ကျွန်တော်ပါ"
နှင်းမှာ ကိုခန့် စကားများကြောင့် အတော်ပင် ဒေါသဖြစ်လာရသည်။ စိတ်ကို ချုပ်ထိန်းထားသော်လည်း အမှန်တရားက နှင်းအတွက် ခါးလွန်းခဲ့သည်။
"ကိုခန့်တို့ နှစ်ယောက်က တရားဝင်တော့ ဖြစ်မလာနိုင်ဘူး.. အဲ့တာကိုတော့ သိတယ်မဟုတ်လား"
"လူနှစ်ယောက် ချစ်ကြတယ်ဆိုတာ ဘယ်လိုသတ်မှတ်ချက်မှာမှ တရားဝင်မှာလဲ"
"သဘာဝက ကျား၊ မ ရယ်လို့ ဖန်တီးထားတာ အလကားမှမဟုတ်ဘဲ"
"ဒါနဲ့ပဲ ကျွန်တော် မောင့်နားမှာရှိနေချင်တာ အပြစ်ဖြစ်နေတာလား"
နှင်းက စိတ်ကိုထိန်းထားသော်လည်း ပေါက်ကွဲပစ်ချင်လာခဲ့သည်။ ကိုခန့်က နှင်းကို စကားဆက်မပြောလိုတော့သည့်အတွက် အပေါ်ထပ်သို့ ပြန်တက်ရန် ပြင်လိုက်သည်။ ထို့အခိုက်အတန့်က ကိုခန့်အတွက် ငရဲလိုပူလောင်လွန်းသည်။ ယောကျာ်းလေးတစ်ယောက် ဖြစ်နေသည့် ကိုခန့်က နှင်းကို မည့်သို့ယှဉ်ပါစေ ရှုံးနိမ့်နေစေသည်။ ထို့ကြောင့် ကိုခန့် အပေါ်သို့တက်ရန် နှင်းကို နှုတ်ဆက်လိုက်သည်။
"နှင်း ပြန်ရင် သတိထားပါ .. ကျွန်တော် မောင့်ဆီ လိုက်သွားဦးမယ်"
ကိုခန့်က ပြောပြီး နှင်းကို ကျောခိုင်းကာ လှည့်ထွက်လိုက်သည်။ သို့သော် ကိုခန့် ကျောခိုင်းပြီး လှေကားတစ်ဝက်ရောက်ချိန်တွင် နောက်မှ တစ်စုံတစ်ယောက်က ဆွဲလိုက်သည့်အတွက် ခြေလှမ်းပျက်ပြီး ချော်ကျသွားတော့သည်။ ထိန်းလိုက်သော်လည်း ဟန်ချက်ပျက်ကာ နောက်သို့ လန့်ကျတော့မည့် အခြေနေဖြစ်သွားရသည်။
DU LIEST GERADE
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)