"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၂၀)
ကိုခန့်နှင့် မြတ်မင်းသာတို့ မြန်မာပလာဇာသို့ ရောက်နေကြသည်။ ကိုခန့်က ဟိုဟိုဒီဒီလိုက်ငေး နေသော်လည်း မြတ်မင်းသာက ကိုခန့်ကိုသာ လိုက်ကြည့်နေမိသည်။ ကိုခန့်က ရောက်တတ်ရာရာလေးများလည်း ပြောလိုက် ပြုံးလိုက်လုပ်နေလေသည်။ ကိုခန့်က ထိုသို့စကားအများကြီး ပြောတတ်လေ့မရှိသည့်အတွက် တီတီတာတာများ ပြောနေသည်ကိုပင် မြတ်မင်းသာ သဘောကျနေမိသည်။
ထို့နောက် ကိုခန့်က ဖုန်းကာဗာအရောင်းဆိုင်သို့ ဝင်သွားသည့်အခါ မြတ်မင်းသာလည်း လိုက်ဝင်ရတော့သည်။ ကိုခန့်က ဖုန်းကာဗာများကို စိတ်တိုင်းကျရွေးနေပြီး မြတ်မင်းသာကိုလည်း လှလားဟု တစ်ခုပြီးတစ်ခုပြသည်။ မြတ်မင်းသာကတော့ ကိုခန့်ကြည့်သမျှ လိုက်ကြည့်လိုက် ဝေဖန်လိုက်ဖြင့် အလုပ်များနေတော့သည်။
"ခန့်"
"ဗျာ.. ကိုမြတ် ညောင်းနေပြီလား"
"မညောင်းပါဘူး ခန့်ရဲ့... အခုကိုင်ထားတာလေးလှတယ် ယူလိုက်ပါလား ပြောမလို့"
"ဟုတ်လား... ကိုမြတ် ကြိုက်လို့လား"
"အင်း ကိုယ်တော့သဘောကျတယ်.. အနက်လေးကိုမှ သူ့ဒီဇိုင်းလေးက ငြိမ်တယ်"
ကိုခန့်က ဘာမှပြန်မဖြေပဲ ထိုကာဗာနှင့်အတူ ကာဗာအကြည်တစ်ခုကို ယူလိုက်သည်။ ထို့နောက် ငွေရှင်းကာ ဆိုင်ထဲမှ ပြန်ထွက်လာခဲ့ပြီး J'Donuts တွင် ထိုင်ဖြစ်ကြသည်။
မြတ်မင်းသာက နို့စတော်ဘယ်ရီနှစ်ခွက်နှင့် ကိတ်တစ်ချို့ကို မှာပြီး ယူခဲ့လိုက်သည်။ ပုံမှန်ဆိုလျှင် မြတ်မင်းသာက ကော်ဖီသောက်တတ်သော်လည်း ကိုခန့်ပါနေသည့်အတွက် ယခုအခေါက်တွင် နို့စတော်ဘယ်ရီသာ ယူခဲ့ခြင်း ဖြစ်လေသည်။ ကိုခန့်က ရေခဲနှစ်ခဲထည့်လေ့ရှိသည့်အတွက် မြတ်မင်းသာက တစ်ခါတည်း ထည့်ခဲ့လိုက်သည်။
"ကိုမြတ် ဖုန်းပေးဦး"
မြတ်မင်းသာမှာ အူကြောင်ကြောင်ဖြစ်သွားကာ ဖုန်းကိုထုတ်ပေးလိုက်လေသည်။
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)