အပိုင်း (၇)
အပြန်တွင် ကားမောင်းရသူမှာ ကိုခန့်ဖြစ်လေသည်။ ပိုင်ငယ်က သီချင်းကို တစ်ပုဒ်ပြီး တစ်ပုဒ်ပြောင်းဖွင့်နေသည်။ Memory Stick ထဲတွင် ထည့်ထားသော သီချင်းအားလုံးမှာ ပိုင်ငယ်အကြိုက်ဖြစ်သော်လည်း တစ်ပုဒ်ပြီးတစ်ပုဒ်ကျော်ပစ်နေလေသည်။ ကိုခန့်ကတော့ ကားကိုသာ ဂရုတစိုက်မောင်းနေမိသည်။ ကားက ပိုင်ငယ့်ကားဖြစ်ပြီး ပိုင်ငယ်က သူ့ကားကို သုံးမည်ဆိုသောကြောင့် ကိုခန့် လိုက်လျော့ခဲ့ရလေသည်။
ကိုခန့်နှင့် ပိုင်ငယ်က မနက်အစောထကာ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ကြသည်။ မဟာမြတ်မုနိဘုရားမြောက်ဘက်မုခ်ရှိ ရှမ်းခေါက်ဆွဲဆိုင်လေးမှ ရှမ်းခေါက်ဆွဲက ကိုခန့်အကြိုက် ဖြစ်သည့်အတွက် ဝင်စားဖြစ်ခဲ့သေးသည်။
"ကိုခန့်"
ပိုင်ငယ်ခေါ်သဖြင့် ကိုခန့် ကားကိုသတိထားမောင်းရင်း လှည့်ကြည့်ရသေးသည်။
"ပြောလေ ပိုင်ငယ်"
"ဘယ်သီချင်းနားထောင်မလဲ"
"ပိုင်ငယ် နားထောင်ချင်တာကိုပဲ ဖွင့်ပါ ကိုယ်ကရတယ်"
ထိုစဉ်ပိုင်ငယ်ထံသို့ ဖုန်းဝင်လာသဖြင့် စကားစပြတ်သွားလေသည်။ ထို့နောက် ပိုင်ငယ်က ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို"
".............................................."
"ဘယ်လိုဖြစ်ရတာလဲ မနေ့ကတောင် အကောင်းကြီးလေ"
"........................................"
"သိပြီ"
ပိုင်ငယ်က ဖုန်းချလိုက်ပြီး ကိုခန့်ကိုလှည့်ကြည့်ကာ စကားပြန်ပြောလာခဲ့သည်။
"နှင်းရဲ့ သူငယ်ချင်းဆက်တာ... ကိုခန့် .. ကားရပ်ပေး ကျွန်တော်မောင်းမယ် နှင်းနေမကောင်းလို့တဲ့ အမြန်ပြန်မှရမယ်"
ကိုခန့် ကားရပ်ပေးလိုက်မိသည်။ ဖြည်းဖြည်းသာမောင်းတတ်သော ကိုခန့်မောင်းနှုန်းကို ပိုင်ငယ်သဘောမကျမှန်း ကိုခန့်သိပါသည်။ ပိုင်ငယ်က ကားမောင်းသည့်နေရာတွင် ဝင်ထိုင်လိုက်ပြီး မောင်းထွက်လိုက်သည်။ ကားလေးက ဂီယာထိုးလိုက်သည်နှင့် လေးညို့မှလွှတ်လိုက်လည့် မြားတံနှယ် ပြေးထွက်လာခဲ့လေတော့၏။
أنت تقرأ
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)