အပိုင်း (၆)
မနက်မိုးလင်းချိန်တွင် ကိုခန့်က အရင်နိုးပြီး ပိုင်ငယ်က အိပ်ပျော်နေဆဲပင်ဖြစ်သည်။ ပိုင်ငယ်၏ဖွေးဉနေသော လည်တိုင်က ကိုခန့်ကို အာခေါင်များပင် ခြောက်သွေ့လာစေသလို ဖြစ်လာစေသည်။ ဆံနွယ် နက်နက်များက နဖူးပေါ်သို့ ကပိုကရိုကျလျှက်ရှိသည်။ ကိုခန့်နှင့် တွေ့ခါစက ဂျစ်ကန်ကန်ကောင်လေး ပိုင်ဝန်းရံခက အတော်ပင် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ ကောင်းကောင်မွန်မွန်ကို ကြီးပြင်းလာခဲ့ခြင်းပင်။ ကိုခန့်က အစောကြီးနိုးနေသဖြင့် ရေချိုးကာ အဝတ်အစားပင် လဲပြီးပြီဖြစ်သည်။ ထို့နောက် ကိုခန့်ကြည့်နေဆဲမှာပင် ပိုင်ငယ်က နိုးလာခဲ့သည်။
လူးလွန့်ကာထလာသည့် ပိုင်ငယ်က အမှန်ပင်ချစ်စရာကောင်းလွန်းလှသည်။
"ကိုခန့် ဘယ်နှစ်နာရီရှိပြီလဲ.. နိုးနေတာကြာပြီလား"
"အင်း ... ၆ နာရီခွဲပြီ"
"ဟင်"
ကိုခန့်က ပြောနေရင်း ကုတင်မှ ထလိုက်ပြီး လိုက်ကာများကိုဖွင့်လိုက်သည်။ နေရောင်နုနုက အခန်းဆီဝင်ရောက်လာသဖြင့် ပိုင်ငယ်က မျက်လုံးများကို လက်ဖြင့်ပွတ်သပ်နေသည်။
"ထတော့လေ မနက်စာစားပြီး မန္တလေးတောင်ပေါ် အရင်တက်ကြမယ်"
"အင်း ကိုခန့်... ဟင် ကိုခန့်က အဝတ်တွေတောင်လဲပြီးနေပြီ"
"ကိုယ် အစောကြီးနိုးနေလို့ပါ ကပ်စီးနဲလေးက ဟိုတယ်ကို တစ်ခန်းတည်းယူထားတော့ ရေချိုးခန်းသုံးရင် တိုက်နေမှာစိုးလို့ ကိုယ်အရင် ပြင်ထားတာ"
"ကပ်စီးနဲတာမဟုတ်ပါဘူး ကျွန်တော်တို့က သူစိမ်းတွေမှမဟုတ်တာ ဘာလို့ အခန်းခွဲမှာလဲ အတူတူနေလည်းရနေတာပဲလေ"
"ဟုတ်ပါပြီကွာ ... ကဲ ရေချိုးတော့.. အိပ်ရေးရော ဝရဲ့လား"
"အွန်း.. ခဏစောင့်ပေး"
ပိုင်ငယ်ရေချိုးခန်းထဲသို့ ဝင်လိုက်သောအခါ သွားတိုက်ဆေးအသင့် ထည့်ပေးထားသည်ကို တွေ့ရသဖြင့် ပျော်သွားမိသည်။ ကိုခန့်က အသေးစိတ်ကအစ ဂရုတစိုက်ရှိလှသည်။ ထိုအရာများကို ပိုင်ငယ် အမှန်ပင် သဘောကျပါသည်။ ကိုခန့်၏ အပြုအမူများအားလုံးကို ပိုင်ငယ် သဘောကျသည်။
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)