Part 19 (Z)

258 10 0
                                    


အပိုင်း (၁၉)

ဟိုတယ်အခန်းထဲသို့ ကိုခန့်က ပိုင်ငယ့်ကိုတွဲခေါ်လာခဲ့ရသည်။

ပိုင်ငယ်က ကိုခန့်သုံးနေကျ ရေမွှေးဖြစ်သည့် Channel Sport ရနံကို ကိုခန့်ထံမှ အထင်းသားခံစားလို့ရနေသည်။ ကိုခန့်က ရေမွှေးကို ပြောင်းသုံးလေ့မရှိသည့်အတွက် ထိုရနံသင်းသင်းက ကိုခန့်၏ ကိုယ်သင်းရနံ့ကဲ့သို့ပင် ဖြစ်နေတော့သည်။

ကိုခန့်က ပိုင်ငယ်လဲမကျသွားစေရန် ထိန်းကာ ခေါ်လာခဲ့ရသည်။

ဟိုတယ် ဧည့်ကြိုကောင်တာတွင် ပိုင်ငယ်ကို ထိန်းထားရကတည်းက ကိုခန့်မှာ အတော်ပင်ညောင်းနေခဲ့ပြီ ဖြစ်သည်။ အရပ်မှာလည်း မတိမ်းမယိမ်းဖြစ်သည့်အတွက် ပိုင်ငယ့်ကို တွဲထားရသည်က တော်ရုံတော့မဟုတ်ခဲ့ပေ။

အခန်းထဲရောက်သည့်အခါ ပိုင်ငယ်ကို ကုတင်ပေါ်တွင် တင်လိုက်ပြီး ကိုခန့်က ဖုန်းနှင့် လက်ကိုင်အိတ်ကို ခုံပေါ်သို့ချလိုက်သည်။ ပိုင်ငယ်က လက်ကိုင်အိတ်ကို ခေါက်အိတ်သာ ကိုင်တတ်ပြီး ကိုခန့်က Wallet သာ သုံးလေ့ရှိသည်။

ပိုင်ငယ့် လက်ကိုင်အိတ်လေးကို တင်လိုက်သည့်အချိန် ထွက်လာခဲ့သည်က ပိုင်ငယ်နှင့် နှင်းတို့ ရီမောနေသည့် ပုံအသေးလေးဖြစ်နေသည်။ ကိုခန့်က ပြုံးရင်းကြည့်လိုက်ပြီး ပြန်ထည့်ထားလိုက်သည်။ ပိုင်ငယ့်ကို ကြည့်လိုက်မိသည့်အခါ ပိုင်ငယ်က ကိုခန့်ကို စိုက်ကြည့်နေလေသည်။ ကိုခန့်က ပိုင်ငယ်နားသို့ လျှောက်သွားလိုက်ပြီး ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။ ကုတင်မှာ Twin Bed (တစ်ယောက်အိပ် ကုတင်နှစ်လုံး) မရသဖြင့် Double Bed (နှစ်ယောက်အိပ်ကုတင် တစ်လုံး) သာပါသော အခန်းဖြစ်နေသည်။

"ပိုင်ငယ် အိပ်လိုက်လေ.. ကိုယ်က ဆိုဖာမှာ အိပ်မယ်"

"ကို...ခန့်"

"အင်း ရေချိုးလိုက်မလား... ကိုယ် သံပုရာရည်မှာထားတယ် အမူးပြေအောင် သောက်လိုက်"

ထိုစဉ် Bell Boy လေးမှ ကိုခန့်မှာထားခဲ့သော သံပုရာရည်ကို လာပို့သွားလေသည်။ ကိုခန့်က သွားယူပြီး ပိုင်ငယ့်လက်ထဲသို့ ထည့်ပေးလိုက်သည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Donde viven las historias. Descúbrelo ahora