Part 23

3.6K 312 24
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၂၃)

ဆရာဝန်စမ်းသပ်နေချိန်တွင် ပိုင်ငယ်မှာ ထိုင်မရ ထမရဖြစ်နေသည်။ ဆရာဝန်က ကိုခန့်ကို သေချာစမ်းသပ်ပြီး ဆေးချိတ်ပေးသည်။ ကိုခန့်ကတော့ အိပ်ပျော်နေဟန်ရှိသည်။ နှုတ်ခမ်းများခြောက်သွေ့နေသော်လည်း မျက်နှာကတော့ ပုံမှန်လိုရှိနေသည့်အတွက် အနည်းငယ်တော့ စိတ်အေးရလေသည်။

"လူနာက အားနည်းနေတာ ပြီးတော့ စိတ်ဖိစီးလို့ သတိလစ်သွားတာပါ.. သတိရလာရင် အားရှိတာလေးတွေ စားခိုင်းပေးပါ"

"စိုးရိမ်ရလား ဒေါက်တာ"

"မစိုးရိမ်ရပါဘူး .. သက်သာသွားမှာပါ"

"ကျေးဇူးတင်ပါတယ်"

ဆရာဝန်ပြန်သွားမှ ပိုင်ငယ်က ကိုခန့်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စောင်ကို ရင်ဘက်အပေါ်ထိ ဆွဲတင်ပေးလိုက်ပြီး ဆေးသွင်းမထားသည့် ဘယ်ဘက်လက်ကို အသာယာဆုပ်ကိုင်မိသည်။

"ကျွန်တော် ဘာတွေဖြစ်နေလဲ မသိတော့ဘူး ကိုခန့်... ကိုခန့်နဲ့ အတူရှိရတာ သဘောကျတယ် ဒါပေမယ့် ကျွန်တော်က ယောကျာ်းလေးလေ ဘာလို့ ကိုခန့်ကို သဘောကျနေရတာလဲ ပြီးတော့ ကျွန်တော် ကိုခန့်ကို ချစ်မိသွားမှာ ကြောက်တယ် အဲ့ဒီစိတ်ကို လက်မခံချင်သေးဘူး"

ပိုင်ငယ် တစ်ယောက်တည်းပြောသည့် စကားများကို ကိုခန့်ကတော့ ကြားနိုင်စွမ်းမရှိခဲ့ပါ။

ကိုခန့်နိုးလာသည့်အခါ ရှိမနေချင်သည့် အခန်းတွင်သာရှိနေပြန်သည်။ ကိုခန့် ပြန်နိုးမလာချင်တော့ပါ။ တစ်ခါတည်း အပြီးသာ အိပ်ပျော်သွားလိုက်ချင်မိသည်။ သို့သော် ကိုခန့် ဆုတောင်းများမပြည့်ခဲ့ပါ။ ရှိမနေချင်သော အခန်းတွင်သာ ပြန်လည်နိုးထလာရပြန်သည်။

"သားခန့်လေး နိုးပြီလား"

မာမီက ခေါင်းရင်းဘေးတွင် ရေဘူးလေးကို တင်လိုက်ပြီး ကိုခန့်နားတွင် ဝင်ထိုင်လိုက်မှ မာမီရောက်နေမှန်း သိလိုက်ရသည်။

"မာ... မာမီ"

"အင်း သက်သာရဲ့လား"

ကိုခန့်က ထရန်အားယူလိုက်သည့်အခါ မာမီက ပြန်လှဲချပေးသည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Onde histórias criam vida. Descubra agora