အပိုင်း (၂၂)
သုံးရက်မြောက်နေ့တွင် ကိုခန့်က ပိုင်ငယ့် ဆန္ဒကို သဘောတူလိုက်ရဖို့ ဖြစ်လာခဲ့သည်။ ထိုနေရာတွင် ရက်ကြာရှည်ထပ်နေဖို့ ကိုခန့် အဆင်မပြေတော့ပေ။ ပိုင်ငယ့်အဝတ်အစားများကို ဝတ်၍ရသော်လည်း ကိုခန့်က အလုပ်များကို ကြာကြာပစ်ထား၍မရတော့ချေ။
နေခဲ့သည့် သုံးရက်အတွင်း ပိုင်ငယ်က ခြံစောင့် ဦးလေးထွန်းနှင့် လိုအပ်သည်များကို မှာပြီး အိမ်တွင် ဖွယ်ဖွယ်ရာရာချက်ကျွေးလေ့ရှိသည်။
ကိုခန့်က ပထမတစ်ရက်အတွင်းမှာပင် ဦးထွန်းနှင့် ရင်းနီးသွားခဲ့သည်။ ကိုခန့်က ခြံထဲတွင် ဟိုဒီကြည့်ချင်သည်ဟု ပိုင်ငယ်ကို ခွင့်တောင်းမိသည်။ အခန်းထဲမှ ကြည့်နေရသည့် ခြံလေးကို ကိုခန့်ဆင်းကြည့်ချင်မိသည်။ ထို့ကြောင့် ပိုင်ငယ်ရေချိုးပြီး ထွက်လာချိန်တွင် မေးလိုက်သည်။
"အိမ်မပြန်ရပေမယ့် ခြံထဲတော့ သွားလို့ရတယ်မလား"
"ရပါတယ်.. ကျွန်တော် နေ့လည်စာ ချက်လိုက်မယ်.. ကိုခန့် အေးဆေးနေပါ"
"မင်း ချက်ကျွေးမှာလား"
"ကျွန်တော် မချက်တော့ ဘယ်သူချက်မှာလဲ.. မနက်က ဦးထွန်းဈေးဝယ်လာပေးထားတယ်"
"ဟုတ်လား... အင်း ... မင်းအလုပ်ရှုပ်နေတုန်း ငါ ပြန်သွားလို့ရတာပဲ"
"ကိုခန့် ထွက်သွားချင်ရင်လည်း လမ်းသိမှာမဟုတ်ဘူး .. ပြီးတော့ ကိုခန့်က နယ်မြေစိမ်းရင် အဖော်ပါမှ သွားတတ်တာလေ"
"ပြန်ချင်လို့ ပြန်ရအောင် ငါ့လက်ထဲဘာမှ မရှိဘူးလေ.. ငါ့ဖုန်းနဲ့ ပိုက်ဆံအိတ်က မင်းဆီမှာ"
"ဟုတ်သားပဲ ကျွန်တော် သိမ်းထားပေးတယ်.. မပျောက်ဘူး စိတ်ချ"
"အခု မင်းလုပ်နေတာ ပြန်ပေးဆွဲမှုမြောက်တယ် ... သိရဲ့လား "
"ဟုတ်လား"
"ဟုတ်တယ်... ငါ့ဖုန်းတော့ ပြန်ပေးထား"
"ဖုန်းပေးထားလို့ဘယ်ရမလဲ ကိုခန့်... မပူနဲ့ ကြီးမေဆီဖုန်းဆက်ထားတယ် .. ကိုခန့်ကို ကျွန်တော် ခဏခေါ်သွားတယ်လို့"
BINABASA MO ANG
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)