'Special Part'
"ကလေးရဲ့အမေကို ကျွန်တော်တွေ့ကြည့်လိုက်ပါ့မယ်"
သူနာပြုလေးကိုပြောပြီး ကိုခန့်က မွေးလူနာကောင်မလေးထံသို့ ဝင်ခဲ့လိုက်သည်။ ကောင်မလေးက (၁၈) နှစ်အရွယ်လေးဖြစ်ပြီး ကလေးကိုထားခဲ့ရန်သာ ပြောနေသည်ဟု ကိုခန့်တို့ ပရဟိတအသင်းလေးဆီ ဆက်သွယ်လာခဲ့သည်။ ထို့ကြောင့်ကိုခန့်မှာ ဆေးရုံသို့ ရောက်လာရ တော့သည်။
ကိုခန့်ဝင်သွားသည့်အခါ ကောင်မလေးက ငိုထားသဖြင့် မျက်လုံးလေးများမို့အစ်နေရှာသည်။
အသားဖြူဖြူ မျက်ခုံးကောင်းကောင်းနှင့် ထိုကောင်မလေးက မဝေခင်ကြွေခဲ့ရသည့် ပန်းလေးများထဲမှာ တစ်ပွင့်ပင်။ ထိုသို့သော အဖြစ်အပျက်များက ကိုခန့်အတွက် စိမ်းသက်လှသည်တော့ မဟုတ်ခဲ့။
ကိုခန့်က ဘေးမှခုံလေးကို ဆွဲယူလိုက်ပြီး ဝင်ထိုင်ရင်းပြုံးပြလိုက်သည်။ အေးချမ်းစေသော ကိုခန့်အပြုံးကြောင့် ကောင်မလေးက ရှိုက်သံလေးများရပ်သွားခဲ့သည်။ ထိုအခါမှ ကိုခန့်က စကားစပြောရသည်။
"ညီမလေးက သမီးလေးကို မလိုချင်ဘူးလား"
"မလိုချင်ဘူး"
ကိုခန့် သက်ပြင်းအသာယာချလိုက်မိသည်။
"ဘာလို့လဲ ညီမလေးရယ်"
"မသိဘူး ညီမ ဒီကလေးကိုမလိုချင်ဘူး"
"အဲ့တာဆိုရင် အကို့ကိုပေးမလား"
ကိုခန့်စကားကြောင့် ကောင်မလေးက ခပ်ငေးငေးကြည့်လာခဲ့သည်။ ထိုအကြည့်များထဲတွင် မယုံကြည်မှုတို့က ရောယှက်ပါဝင်လျှက်ပင်။
"အကိုက မိန်းမရှိလား"
ကောင်မလေးစကားကြောင့် ကိုခန့်က ပြုံးလိုက်သည်။
"မရှိပါဘူး"
"အသက်ကရော"
"၂၂ နှစ်ပါ"
"ဘာအလုပ်လုပ်တာလဲ"
"ကျောင်းတက်ရင်း ပရဟိတလုပ်တာပါ.. ညီမလေးက ကလေးကိုထားခဲ့မယ်ဆိုလို့ အကိုတို့ရောက်လာတာ အခြားအကိုတွေ အမတွေလည်းပါသေးတယ် အကုန်လုံးဝင်မလာတာက ညီမလေး စိတ်ရှုပ်သွားမှာစိုးလို့ပါ"
VOCÊ ESTÁ LENDO
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)