အပိုင်း (၁၁)
ပိုင်ငယ်ရောက်နေသည်က နယ်ဘက်မှ ရွာလေးတစ်ခုဖြစ်ပြီး ရွာလေးမှာ အတော်ပင် သာသာယာယာ ရှိသည်။ ရွာသားများက ရိုးသားဖြူစင်ကြပြီး ရွာဓလေ့လေးက အတော်ပင်ကြည်နူးဖွယ်ဖြစ်နေသည်။ ပိုင်ငယ်တို့ အဖွဲ့လေးက ရွာဦးဘုန်းကြီးကျောင်းရှိ မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးတွင် ပရဟိတလုပ်ရန် ရောက်ရှိနေကြခြင်းဖြစ်သည်။
ရွာဦးစေတီမှ လေတိုက်တိုင်းထွက်ပေါ်နေသော ခေါင်းလောင်းသံလေးများက နားဝင်ပီယံရှိလှသည်။ မြစ်ကမ်းဘေးတွင်ရှိသော ရွာလေးဖြစ်သဖြင့် မြစ်ထဲတွင် ငါးဖမ်းနေကြသော လှေငယ်လေးများကို တွေ့နေရသည်။ ရွာလမ်းများက သန့်ရှင်း သပ်ရပ်နေပြီး ကလေးများက ပျော်ရွှင်စွာ ဆော့ကစားလျှက်ရှိကြသည်။
ပိုင်ငယ်တို့ အဖွဲ့လေးကို ရင်းနီးပြီးသားဖြစ်သည့်အတွက် ရွာလူကြီးက သူ့အိမ်တွင် နေရာထိုင်ခင်းစီစဉ်ပေးသည်။ ပိုင်ငယ်အတွက် ပထမဆုံးဖြစ်သော်လည်း ကိုခန့်တို့ကတော့ လေးကြိမ်မြောက်ဖြစ်လေသည်။ ပိုင်ငယ် လိုက်လာပြီးမှ စိတ်မသက်မသာ ဖြစ်နေရသည်က မြတ်မင်းသာပါ ပါနေသောကြောင့်ပင်။ မြတ်မင်းသာက အကြီးဖြစ်သည့်အတွက် စီစဉ်စရာများကို သူသာစီစဉ်သည်။ အသင်းရှိကလေးများက ရွာတွင် သုံးရက်ခန့်နေကြမည်ဖြစ်သည့်အတွက် လိုအပ်သည်များကို ပြင်ဆင်နေကြသည်။ အရင်အခေါက်များတွင် လူ ၁၈ ယောက်ခန့်ပါလာသော်လည်း ယခုအခေါက်တွင်တော့ (၁၄) ယောက်သာပါသည်။
ပစ္စည်းများကို ကိုယ့်တာဝန်အလိုက်နေရာချနေကြပြီး အားလုံးက ပျော်ပျော်ရွှင်ရွှင်ပင်။ ရွာသူ ရွာသားများနှင့် သိနေကြပြီး သာကြောင်းမာကြောင်းမေးကာ နှုတ်ဆက်စကားပြောနေကြပုံမှာလည်း ရင်းရင်းနီးနီးရှိလှသည်။
"ခန့် အလေးတွေ မ မ'နဲ့"
"ရပါတယ် ကိုမြတ်ရဲ့"
"မရပါဘူး ပေး ကိုယ်သယ်လိုက်မယ်.. ကလေးတွေ အိပ်ယာပြင်နေတာ အဆင်ပြေရဲ့လား"
"ပြေပါတယ် ကိုမြတ် "
"အင်း အရင်အခေါက်တွေက မနက်ပိုင်းရောက်ကြတာဆိုတော့ အချိန်ပိုရတယ် ဒီတစ်ခေါက်ကတော့ ညနေဖြစ်နေပြီ .. မနက်ဖန်မှ ဆရာတော်ကို သွားဖူးကြမယ်"
ŞİMDİ OKUDUĞUN
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)