အပိုင်း (၃၇)
လက်ပေါ်ရှိ သုံးလက်မခန့် အမာရွတ်ကို ပိုင်ငယ်က စိုက်ကြည့်နေလေသည်။ အားစိုက်လိုက်တိုင်း အထဲတွင် တွယ်ထားရသည့် မူလီလေးများက ထောက်နေသဖြင့် နာကျင်ရသည်။ ပိုင်ငယ်က ကြည့်ရင်း ပြုံးသည်။ လူတစ်ယောက်က နာကျင်ရသည်ကို မဖော်ပြနိုင်တော့သည့်အခါ နာနာကျင်ကျင် ပြုံးသည်ဆိုလျှင် ထိုအခြေအနေက နာကျင်မှုအမြင့်ဆုံးအဆင့်ပင်။
"မောင် ဘာစားချင်လဲ"
စိတ်အေးချမ်းစေရန် ဘုရားပေါ်ခေါ်လာပြီးမှ ကိုခန့် နောင်တပင်ရချင်လာသည်။ အရင်က ကိုခန့်ကို စနောက်နေတတ်သည့် ပိုင်ငယ်မှာ ယခုလုံးဝ ငြိမ်နေသည်။ ထို့ကြောင့် ဘေးနားက လေထုပင် အေးစက်လာသယောင်။ ခဏအကြာ ကိုခန့်က စကားစရင်း ပိုင်ငယ့်ကို ချော့ရသည်။
"မောင်"
"ကိုခန့် ဗိုက်ဆာပြီလား"
"အင်း နည်းနည်းဆာတယ်... ဘာစားကြမလဲ... အာ မောင် စားချင်တာစားမယ်လို့ ပြောထားတာပဲ မောင် ဘာစားချင်လဲ"
ပိုင်ငယ်က ကိုခန့်လက်ကို ဆုပ်ကိုင်ပြီး ကိုခန့်ကို သေချာကြည့်သည်။
"မောင့် အိပ်မက်တွေက ဘာလဲ ကိုခန့်သိလား"
"Cellist ဖြစ်ချင်တာလား"
"မဟုတ်ဘူး ကိုခန့်ရဲ့... မောင်က ကိုခန့်ကို ပျော်ပျော်ရွှင်ရွှင် ရှိစေချင်တာ... Cellist က ရည်မှန်းချက်လေ"
"မောင်.. ဝမ်းနည်းနေတာလား"
"အင်း .. ကိုခန့်က ဝမ်းနည်းနေလို့ ဝမ်းနည်းတယ်"
"ဟင်... ငါက ဘာလို့ ဝမ်းနည်းရမှာလဲ"
"မောင် သိပါတယ်... ပတ်တီးဖြုတ်လိုက်တော့ ကိုခန့် မျက်နှာပျက်သွားတာကိုလေ"
ပတ်တီးဖြုတ်လိုက်ချိန် ကိုခန့်မှာ အမှန်ပင် မျက်နှာပျက်သွားခဲ့သည်။ ခွဲထားရသည့် ဒါဏ်ရာက ထိုမျှလောက်ထိကြီးလိမ့်မည်ဟု ကိုခန့် ထင်မထားခဲ့။ နာလားဟု မေးကြည့်ချင်ပါသော်လည်း ကိုခန့်မှာ သတ္တိမရှိခဲ့ပါ။ ဆာဂျရီလုပ်ကာ ပြန်ပြင်၍ရသော်လည်း အတွင်းမှ ဒါဏ်ရာကတော့ တစ်သက်လုံး ဒါဏ်ဖြစ်နေပေလိမ့်မည်။
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)