Part 32 (Z)

244 12 0
                                    


အပိုင်း (၃၂)

ခရီးမှပြန်ရောက်ပြီး ကိုခန့်က ပုံမှန်အလုပ်များဆက်လုပ်သည်။ ပိုင်ငယ်က ကျောင်းတက်ရင်းသင်တန်းမျိုးစုံတက်သည်။ အထူးသဖြင့် နည်းပညာဆိုင်ရာ သင်တန်းပေါင်းစုံကို ပိုင်ငယ်က တက်ရောက်ခဲ့သည်။ IT နယ်ပယ်ပိုင်းကို အသားပေးလေ့လာရင်း အချိန်များကုန်လွန်စေခဲ့သည်။ အချိန်များက ပြက္ခဒိန်ထဲမှ ရက်များကို တိုက်စားရင်း နေ့ရက်တို့က ပြောင်းလဲကုန်လွန်သွားကြသည်။

Coffee Shop လေးတွင် Country Music တစ်ပုဒ်ကိုဖွင့်ထားပြီး လူအနည်းငယ်သာရှိသည်။ သပ်ရပ်သန့်ရှင်းပြီး အပြင်ဆင်လေးက ထိုင်ချင်စဖွယ်ဖြစ်သည့်အတွက် အလယ်လတ်လွှာများ၊ အထက်တန်းလွှာများ အများစုလာရောက်ကြသည်။ ထိုဆိုင်လေးကို တော်ရုံလူမလာနိုင်ခြင်းမှာ ကော်ဖီတစ်ခွက်ကပင် ဈေးအတော်ပေးရသည့်အတွက်ဖြစ်လိမ့်မည်။

ကိုခန့်က ရှေ့မှ ကော်ဖီခွက်ကို စိုက်ကြည့်နေမိသည်။ Cappuccino ကို အသဲပုံလေများဖော်ထားသဖြင့် ကော်ဖီလေးမှာ ချစ်စဖွယ်ပင်။ သို့သော် ကိုခန့် တို့ပင်မတို့ရသေးပါ။ သက်ပြင်းချနေသည့် ကိုခန့်ကို နှင်းယုသော်က စကားစပြောသည်။ နှင်းယုသော်က တွေ့ခွင့်တောင်းသည့်အတွက် ကိုခန့်ရောက်နေရသော်လည်း စိတ်ကတော့ မသက်သာလှ။

"နှင်းက ကိုက်မစားပါဘူး... ဘာလို့ စိတ်မသက်သာတဲ့ ပုံစံဖြစ်နေရတာလဲ ကိုခန့်"

"နှင်း ကျွန်တော့်ကို ပြောစရာရှိတယ် မဟုတ်လား"

"ရှိတာပေါ့... ရှိလို့ခေါ်လိုက်တာပဲလေ"

"ဟုတ်ကဲ့ ပြောပါ.. နားထောင်နေပါတယ်"

"ပိုင်နဲ့ လမ်းခွဲပေးပါ ကိုခန့်"

ထိုစကားကြောင့် ကိုခန့် လက်အချင်းချင်းကို ပွတ်ချေမိသွားသည်။ ထိုအမူအကျင့်က ကိုခန့်စိတ်မသက်မသာဖြစ်တိုင်း လုပ်လေ့ရှိသည်။

"ကျွန်တော်လမ်းခွဲပေးရင် ပိုင်ငယ်ကို နှင်းရမှာသေချာလား"

"ရတာ မရတာထက် ကိုခန့်နဲ့ ပိုင်ကို တွဲမြင်နေရတာ အဆင်မပြေဘူး... ကိုခန့်သိပါတယ် ကိုခန့်တို့ လက်ထပ်ထားတာက တရားဝင်လည်းဖြစ်မလာနိုင်ဘူးလေ"

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Where stories live. Discover now