Part 18 (Z)

247 9 0
                                    



အပိုင်း (၁၈)

အစပိုင်းတွင် Club ၌ ဘုန်းသန့်နှင့် သူငယ်ချင်းနှစ်ယောက်က ပိုင်ငယ့်ကို ထိန်းနေရသည်။ ပိုင်ငယ်က သောက်စရာများကို Extra အနေနှင့် လက်ညှိုးတည့်ရာမှာနေသည်။ စိတ်ညစ်သည်ဟုပြောကာ Club သို့ခေါ်လာသည့်အတွက် ပိုင်ငယ်နှင့်အတူ ဘုန်းသန့်တို့ရောက်နေရသည်။ စိတ်ညစ်သည်ဟု ပြောသည်က ပိုင်ငယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် တကယ်တမ်း သောက်ကြသည်က ဘုန်းသန့်တို့ဖြစ်နေသည်။

ပိုင်ငယ်က ဘီယာတစ်ခွက်သာသောက်ပြီး Dancing Floor တွင် ကနေကြသူများကို ကြည့်နေမိသည်။ ည ၁၀ ခွဲကတည်းကရောက်ကြပြီး ၁၂နာရီပင် မထိုးသေးသော်လည်း ဘုန်းသန့်မှာ အတော်ပင်မူးနေပြီ ဖြစ်သည်။ ပိုင်ငယ်ကတော့ ဘုန်းသန့်ကိုကြည့်ရင်း ခေါင်းတခါခါဖြစ်နေတော့သည်။

ထို့ကြောင့် စားပွဲပေါ်တွင် မတ်တပ်မှောက်နေသည့် ဘုန်းသန့်ကို ပိုင်ငယ် နှိုးလိုက်ရသည်။

DJ မှအသံများကြောင့် ပိုင်ငယ်က သွင်ဘုန်းနားနားကပ်ကာအော်ရင်း လှုပ်နှိုးရသည်။ ဘုန်းသန့်မှာ အတော်ပင်မူးနေပြီး ခေါင်းပင် ကောင်းကောင်းမထောင်နိုင်တော့ပေ။

"ဘုန်းသန်... ဘုန်းသန့်... ထစမ်း မူးနေတာ မြင်မကောင်းဘူး"

"ပိုင်ငယ်... ဟီး ကိုကို့ကိုခေါ်ပေး ပြန်ချင်ပြီ"

မူးသာမူးနေသော်လည်း သွင်ဘုန်းက ကိုကြီးကိုတော့ သတိရရှာသေးသည်။

"ဟင် .. ကိုကြီးကိုခေါ်လိုက်ရင် ငါ ခေါင်းကျိန်းမှာပေါ့"

"မသိဘူး ခေါ်ပေးဗျာ ခေါ်ပေး.. ကိုကြီးလာခေါ်မှ ပြန်မယ်"

"အေးပါကွာ ... ဟူးစ် စိတ်ညစ်တာက ငါလေကွာ.. မင်းက မူးပြီးရစ်တယ် ကောင်းရော"

"ကိုကိုရေ... ပိုင်ငယ့်ကို ရိုက်"

"ဟမ် ဘာကိစ္စ ငါ့ရိုက်ရမှာလဲ"

"ကိုကို.. ကိုကိုရေ.."

ပိုင်ငယ့်ခမျာ သွင်ဘုန်းကြောင့် ရီရခက် ငိုရခက် ဖြစ်နေရှာတော့သည်။

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin