Part 34

3.3K 269 3
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၃၄)

"ဘာ.. ဘာကို မှတ်မိရမှာလဲ မောင်"

ပိုင်ငယ်က စိတ်ဆိုးတော့မည့်ပုံစံ ဖြစ်လာသည့်အတွက် ကိုခန့်မှာ မောင် ဟု ခေါ်လိုက်ရသည်။ ပိုင်ငယ်က မည်မျှပင်စိတ်ဆိုးနေပါစေ။ ကိုခန့်က မောင် ဟု သုံးနှုန်းလိုက်ပါက အင်မတန်မှ နူးညံ့သွားတတ်သည်။ ထိုအရာကတော့ ပိုင်ငယ်၏ ပျော့ကွက်ပင်။

"အဟင်း... လူလည်လေး"

ပိုင်ငယ်က ကိုခန့်ကို ဖက်ပြီး ကုတင်ပေါ်လှဲချလိုက်သည်။

"အ့"

"နာသွားတာလား ကိုခန့်"

"မဟုတ်... မဟုတ်..."

ကိုခန့် စကားပင်မဆုံးလိုက်ပါ။ ပိုင်ငယ်က ကိုခန့် နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။

"ဒါက မမှတ်မိလို့"

"ဖယ်"

ပိုင်ငယ်က ကိုခန့် လက်များကို လက်တစ်ဖက်တည်းဖြင့် ချုပ်လိုက်ပြီး နှုတ်ခမ်းပေါ်သို့ နောက်တစ်ကြိမ်ဖိကပ်လိုက်သည်။

"ဒါကရော ဘာလဲ"

"နမ်းချင်လို့ နမ်းတာ"

"ဘာ"

"ဟုတ်တယ်လေ... မနမ်းရဘူးလား အချစ်ရဲ့.. မောင်က အချစ်ကို ဘယ်လောက်တောင်ချစ်လိုက်ရလဲ"

"မင်း... အသားယူတာတော်တော့.. ငါ့ အပေါ်ကနေဖယ်စမ်း"

ပိုင်ငယ်က ကိုခန့်ကို စိတ်မဆိုးစေချင်သည့်အတွက် ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။

"ကိုခန့် တကယ်မမှတ်မိဘူးလား"

"အင်း ဘာကို မှတ်မိရမှာလဲ... ငါလည်း မင်းကို ဝယ်မပေးဖူးပါဘူး"

"အင်း ကိုခန့် ဝယ်ပေးတာမဟုတ်ဘူး... ကျွန်တော် ကိုယ့်ဘာသာ ဝယ်တာ"

"ဟင်"

"ကိုခန့်နဲ့ ကျွန်တော် မိဘမဲ့ကျောင်းက ကလေးအတွက် မွေးနေ့လက်ဆောင်သွားဝယ်တာ မှတ်မိလား"

"ဟင်... မိဘမဲ့ကျောင်းအတွက်က အခေါက်ခေါက်အခါခါ သွားဖူးတာကို ဘယ်တစ်ခေါက်အတွက်လဲ"

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Where stories live. Discover now