"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၂၁)
ကိုခန့် ရုန်းသော်လည်း ပိုင်ငယ့်အားကို မတွန်းလှန်နိုင်သဖြင့် ငြိမ်နေလိုက်ရသည်။ ပိုင်ငယ်က မျက်ရည်များဝိုင်းလာသည့် ကိုခန့်ကို စက္ကန့်ပိုင်းမျှငေးကြည့်နေမိသည်။ ထို့နောက် လက်ကိုလွှတ်ပေးလိုက်သည်။
"ဘာမှမလုပ်ဘူး ကိုခန့် .. အတင်းရုန်းမနေနဲ့ .. အားကုန်မယ်"
"ဖယ်.. ဖယ်ပေး ..ငါ့အပေါ်ကနေဖယ်"
"အင်း.. ဖယ်မှာပါ ကိုခန့်ရဲ့"
ပိုင်ငယ်က ကိုခန့်ကို လှဲချပြီး ဖိထားရာမှ လွှတ်ပေးလိုက်သည်။ ကိုခန့်က ပုံပျက်သွားသော အဝတ်များကို နေရာပြန်ချသည်။ ထို့နောက် ပိုင်ငယ်နားမှ ထပြီး တစ်ဖက်ခုံသို့ ရွှေ့ထိုင်လိုက်သည်။
"ရေအရင်ချိုးမလား... ဗိုက်ဆာလား"
"ငါ အိမ်ပြန်ချင်တယ်"
"အဲ့တာတော့ မရဘူး ကိုခန့်"
"ဘာလို့လဲ"
"ကိုခန့်ဆီက အဖြေလိုချင်တယ်"
"ဘာအဖြေလဲ ..ငါပြောတာမင်းနားမလည်ဘူးလား ..ငါပြောပြီးပြီလေ"
"ကျစ်.. ကျွန်တော်လိုချင်တာက ကျွန်တော်နဲ့ လက်ထပ်ပါ့မယ်ဆိုတဲ့ အဖြေ"
"ရူးနေလား.. ဒီနိုင်ငံမှာ ယောကျာ်းလေးနှစ်ယောက်လက်ထပ်တဲ့ ဉပဒေရှိလို့လား"
"ကျွန်တော့်ကိုကြီးတို့ လက်ထပ်ထားသလိုမျိုးလေ"
"မင်း မချစ်တဲ့ ငါ့ကို တာဝန်ယူနေရအောင် ငါက ဗိုက်မကြီး..."
"တော်တော့ ကိုခန့်... ကိုခန့် သေချာစဉ်းစား... လက်ထပ်ပါ့မယ်ဆိုတဲ့ အဖြေထိရောက်အောင်သာ စဉ်းစားလိုက်... အခုတော့ အိပ်ရအောင် ကျွန်တော်လည်းပင်ပန်းနေပြီ"
ထို့နောက် ပိုင်ငယ်က ကိုခန့်ကို အပေါ်ထပ်သို့ ဆွဲခေါ်လာခဲ့သည်။
အိမ်လေးက သပ်သပ်ရပ်ရပ်ရှိပြီး ပန်းချီကား အတော်များများကို ချိတ်ဆွဲထားသည်ကို ကိုခန့် လိုက်ကြည့်နေမိသည်။ ကိုခန့်က ပန်းချီများကို တန်ဖိုးထားတတ်သည်။ ထို့ကြောင့် ထိုပန်းချီများက ကိုခန့်အတွက် ငေးမောဖွယ်ရာဖြစ်လို့နေတော့သည်။
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)