Part 15

3.7K 299 5
                                    

"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"

အပိုင်း (၁၅)

'သိပ်ရိုးရှင်းတဲ့ စာလုံးနှစ်လုံးပါပဲ...

ကိုယ့်အတွက်ကတော့

ဖော်ပြခွင့်ဆိုတာ

ချွင်းချက်အနေနဲ့ ပါမလာခဲ့ဘူး

ဒါပေမယ့် ကိုယ်ပြောတဲ့အခါ

မင်း တစ်ယောက်တည်းအတွက်သာ

ရည်ရွယ်ပါတယ်

ချစ်တယ်....'

ကိုခန့်က ည ဂျူတီဖြစ်သည့်အတွက် နားနေခန်းထဲတွင် ဂျူတီကုတ်ကို လဲလိုက်သည်။ ကိုခန့်က ပန်းချီဆွဲရခြင်းကို ဝါသနာပါသည်။ သို့သော် ဝါသနာနောက်ကိုတော့ မလိုက်ဖြစ်ခဲ့ပါ။ အသက်မွေးဝမ်းကြောင်းနောက်သို့သာ ဝါသနာကိုပို့လိုက်ရသည်။ သို့သော် ကိုခန့်အတွက်က ပြဿနာမရှိပေ။ ကိုခန့်က ဘယ်အရာကိုမဆို အကောင်းဘက်ကိုသာတွေးသည်။

ထိုစဉ် ဖုန်းဝင်လာသည့်အတွက် ကိုခန့်အတွေးများ ပြတ်တောက်သွားရသည်။

"ဟယ်လို ကိုမြတ်"

"ဂျူတီဝင်ရတော့မှာလား ခန့်"

"ဟုတ်ကဲ့ ကိုမြတ်"

"နောက် နာရီဝက်မှမဟုတ်လား.. ခဏလောက်ထွက်ခဲ့ ကိုယ် ဆေးရုံရှေ့မှာ"

"ဟင်"

"ထွက်ခဲ့ ခဏလောက်ပဲ ခန့်"

"ဟုတ်ကဲ့.. ခဏနော် ကိုမြတ်"

မြတ်မင်းသာ လာနေကျဖြစ်သည့်အတွက် ကိုခန့်က မထူးဆန်းတော့ပါ။ ထို့နောက် ကိုခန့်က နားကြပ်ကို အိပ်ကပ်ထဲထည့်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ ကိုခန့် အောက်သို့ရောက်သောအခါ ဆေးရုံ ဆင်ဝင်အောက်တွင် ရပ်နေသည့်ကိုမြတ်ကို တွေ့လိုက်ရသဖြင့် ပြုံးပြလိုက်သည်။

"ကိုမြတ်"

မြတ်မင်းသာက ကိုခန့်လက်ထဲသို့ နွားနို့ဗူးလေးထည့်ပေးလိုက်သည်။

"သောက်လိုက် ညကျရင် ဆာနေမှာစိုးလို့"

"ကိစ္စမရှိဘဲ ဒါလေးပေးဖို့ရောက်လာတာလား"

နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)Dove le storie prendono vita. Scoprilo ora