"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၁၄)
ပိုင်ငယ်နှင့် နှင်းက ကန်တော်ကြီးထဲရောက်နေကြပြီး အချေအတင်ဖြစ်လို့နေသည်။ ပိုင်ငယ်အတွက် ထိုအရာများက မထူးဆန်းလှတော့သော်လည်း စိတ်ညစ်ရသည်ကတော့ အမှန်ပင်။
"ပိုင်"
"နှင်း ကိုယ်ကလေ နှင်းကိုလည်းချစ်တယ်.. ပြီးတော့ ကိုခန့်က ကိုယ့်အပေါ်မှာကောင်းတယ် .. ကိုယ်က နှင်းတို့ နှစ်ယောက်ကို သင့်သင့်မြတ်မြတ်ပဲ ရှိစေချင်တယ်"
"ဘာလို့ ကိုခန့်နဲ့မှလဲ ပိုင်"
"ကိုခန့်က ဘာလုပ်နေလို့လဲကွာ.. မနေ့ကလည်း ကိုယ် နှင်းကိုအရင်မေးတယ်လေ .. နှင်း ကိုယ်နဲ့ တွေ့ဦးမလားလို့"
"ဟုတ်လား ပိုင်က သေချာမချော့ဘဲ နှင်းက ပိုင်နဲ့ ထပ်တွေ့ချင်ပါ့မလား"
"ဟုတ်ပြီကွာ .. ကိုယ်မှားပါတယ်"
"မှားနေတာပဲလေ ပိုင် မတွေ့တော့ပါဘူးဆိုပြီး ဆက်တိုက်တွေ့နေကြတာပဲ မဟုတ်ဘူးလား"
"နှင်း"
"ထပ်ပြီး ရန်မဖြစ်ချင်တော့ဘူး နှင်း ပြန်တော့မယ်"
နှင်းက ပြောပြီး ထပြန်သွားသည်။ ပိုင်ငယ်က နှင်းနှင့် တွေ့ရန်ချိန်းကြပြီး နှင်းက ကိုခန့်ကို ခေါ်ပေးပါဆိုသဖြင့် ခေါ်ပေးလိုက်ရသည် သို့သော် ပိုင်ငယ်မထင်မှတ်ထားသည်က မေမြတ်ပါလာခဲ့ခြင်းပင်။ ထို့နောက် ပြဿနာတက်ကြတော့သည်။
ပိုင်ငယ် စိတ်ရှုပ်နေသည့်အတွက် အတန်ကြာထိုင်နေပြီးမှ အိမ်ပြန်ခဲ့လိုက်မိသည်။
အိမ်ပြန်ရောက်ချိန်တွင် မနေ့ကနှင့် ယခုခံစားချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်လျှင် မနေ့က ပိုင်ငယ်အလွန်ပင်ပျော်ရွှင်ခဲ့ရသည်။
အတွေးများကို ဖြတ်လိုက်ပြီး ပိုင်ငယ် အောက်ထပ်သို့ ဆင်းလာခဲ့မိသည်။ ထိုအချိန်တွင် မာမီက ဧည့်ခန်းတွင်ထိုင်ကာ ဘုန်းသန့်နှင့် စကားပြောနေကြလေသည်။
"ပိုင်ငယ် လာလေ မအိပ်သေးရင် စကားပြောကြမယ်"
ဘုန်းသန့်က လှမ်းခေါ်သဖြင့် ပိုင်ငယ် ဝင်ထိုင်လိုက်သည်။
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)