"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၂၆)
ပိုင်ငယ် အိမ်ပြန်ရောက်သည့်အခါ ကိုခန့်က ရှိမနေ။ ထို့ကြောင့် အောက်ထပ်သို့ ဆင်းပြီး အန်တီကြီးကို မေးရတော့သည်။ အိပ်ယာများကလည်း ခြေရာလက်ရာမပျက်ရှိနေခဲ့သည်။ ထို့ကြောင့် စိတ်ထဲတွင် ဘဝင်မကျလှပေ။
"အန်တီကြီး"
"ဟေ ပိုင်ငယ်လေး ဘာစားမလဲ.. ဘာပြင်ပေးရမလဲ"
"မဟုတ်ဘူး အန်တီကြီး ... မနက်က ကိုခန့် ပြန်မလာဘူးလား"
"ဟင် ပိုင်ငယ်လေး မသိဘူးလား သားခန့်လေး မူးလဲလို့တဲ့.. ပိုင်ငယ်လေးမာမီ ဆေးရုံကို လိုက်သွားတယ်"
"ဗျာ"
ထိုစကားက ပိုင်ငယ့်ခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ရှိနေတော့သည်။ ထိုသို့ဆိုလျှင် ညက မေမြတ် ဖုန်းဆက်သည့်ကိစ္စမှာ ကိုခန့်မူးလဲသည့်အကြောင်း ပြောသည်ပင် ဖြစ်ရမည်။ ပိုင်ငယ် ဘာမှမတွေးတော့ပဲ မာမီ့ထံဖုန်းဆက်လိုက်သည်။ ဖုန်းဆက်ရသည့် လက်များပင် တုန်နေသည်။
"မာမီ"
"အေး ပြော... တစ်ညလုံး အလေလိုက်နေပြီး ဘာကိစ္စလဲ"
"မာမီ အခု.. အခု ဆေးရုံမှာလား"
"ဟုတ်တယ်.. သားခန့်ကို ဆေးရုံရွေ့ပေးထားရတယ်"
"ဗျာ"
"သားခန့်လေးက တော်တော်နေမကောင်းဘူး.. အဲ့တာကြောင့် အခု အာရှတော်ဝင်ကို ရွှေ့ထားတယ်"
"ကျွန်တော်လာခဲ့ရမလား"
"ဟင်... မလာချင်ရင်လည်း မလာနဲ့လေ .. မလာပဲသာနေလိုက်တော့"
"မာမီ ကျွန်တော်..."
သို့သော် မာမီက ဆက်မပြောတော့ပဲ ဖုန်းချသွားလေသည်။
မြတ်မင်းသာက ပိုင်ငယ့်မာမီနှင့် သိပြီးသားဖြစ်သည့်အတွက် စကားပြောရသည်မှာ အဆင်ပြေပြေရှိသည်။ ဆေးရုံရွှေ့သည့် ကိစ္စများကိုလည်း အသေးစိတ်ကအစ သေချာလိုက်လုပ်ပေးလေသည်။ လူကြီးဖြစ်သည့်အတွက် မြတ်မင်းသာမှာ အားနာနေရသည်။
"အန်တီ ပြန်ဖို့အဆင်ပြေရဲ့လား"
"ပြေပါတယ်ကွယ်"
YOU ARE READING
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)