အပိုင်း - ၃
တူ တူ တူ တူ.. တူ တူ တူ တူ...
ကိုခန့် စာရှင်းပြနေစဉ် ဖုန်းလေးက အသံထွက်လာသဖြင့် အိတ်ထဲမှဖုန်းကို ထုတ်လိုက်ရသည်။ ခေါ်ဆိုနေသူမှာ ပိုင်ငယ်ဖြစ်သည့်အတွက် ကိုခန့်က စာသင်ခုံမှ ထကာ ဖုန်းကိုင်လိုက်ရတော့သည်။
"အင်း ပိုင်ငယ် ပြော"
"ကိုခန့် အားလား စာသင်နေတာလား"
"စာသင်နေတယ် ပိုင်ငယ် ကိစ္စရှိလို့လား"
"ဘယ်ချိန်ပြီးမှာလဲ ကိုခန့်"
"နောက်နာရီဝက်ဆိုရင် ပြီးပါပြီ"
"အဲ့ဒါဆိုရင် လှည်းတန်းကိုလာခဲ့ပါလား.. ဦးထွန်းလင်းခြံလမ်းထဲက Malar City ကိုလာခဲ့ ကိုခန့်"
"ကိစ္စရှိလို့လား ပိုင်ငယ်"
"အင်း လာခဲ့နော် စောင့်နေမှာ"
ပိုင်ငယ်က ပြောလိုသည်များပြောပြီး ဖုန်းချသွားလေသည်။
ကိုခန့်က သက်ပြင်းသာချလိုက်မိသည်။ ပိုင်ငယ်နှင့်ပတ်သက်လာလျှင် ကိုခန့်မှာ ငြင်းဆန်နိုင်သော စွမ်းအားပါလာခြင်းမရှိပါလေ။ ထို့ကြောင့် စာသင်ချိန်ပြီးသောအခါ လှည်းတန်းဘက်သို့ ထွက်ခဲ့ရတော့သည်။
လှည်းတန်းညနေခင်းက စည်ကားပြီး စားချင်စဖွယ် အစားအသောက်များကလဲ စုံလင်လှသည်။ အဝတ်အထည်၊ မိန်းကလေးအသုံးဆောင်များ၊ စားသောက်ဆိုင်များနှင့် သက်ဝင်လှုပ်ရှားနေသော ညနေခင်းလေးထဲတွင် အရွယ်စုံလူငယ်များ လှုပ်ရှားသက်ဝင်နေကြသည်။ ထိုလူများထဲမှ အေးချမ်းတည်ငြိမ်နေသော ကောင်လေးက ဟိုဒီကြည့်နေပြီးမှ ဉီးထွန်းလင်းခြံလမ်းထဲရှိ Malar City သို့ သွားရန်ဦးတည်လိုက်သည်။
ပိုင်ငယ်ပြောသော ဆိုင်လေးက ကိုခန့်စားနေကျဖြစ်သည့်အတွက် အထွေအထူးရှာနေရန် မလိုအပ်ပေ။ ဆိုင်လေးက နှစ်ထပ်ဖြစ်ပြီး အေးအေးဆေးဆေးထိုင်လိုပါက အပေါ်ထပ်တွင်ထိုင်၍ရသည်။ ကိုခန့်ဝင်သွားသည့်အခါ မှတ်မိနေသော ဆိုင်ဝန်ထမ်းကောင်မလေးက ပိုင်ငယ်အပေါ်ထပ်တွင်ရှိကြောင်း ပြောလာသဖြင့် တက်ခဲ့လိုက်သည်။ အပေါ်ထပ်ရှိ ကိုခန့်တို့ ထိုင်နေကျစားပွဲတွင် ပိုင်ငယ်က အသင့်ရှိနေသည်။ သို့သော် ပိုင်ငယ်တစ်ယောက်တည်းတော့ မဟုတ်ခဲ့။ ပိုင်ငယ်ဘေးတွင် နှင်းယုသော်ဆိုသော ပိုင်ငယ်၏ ကောင်မလေးလဲရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကိုခန့်ကို နှင်းယုသော်က မြင်သွားပြီးလှမ်းခေါ်သည်။
ESTÁS LEYENDO
နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ (Completed)