ဝိညာဥ်ကူးပြောင်းလာသည်ကိုနားလည်သွားခြင်း
(Unicode)
ဒုတိယအကြိမ်အကြာကြီးအိပ်ပြီးပြီလို့ထင်ရတဲ့နောက်မှာ လင်းမန့်မန့်နိုးလာသည်။
ဒါပေမယ့် ဒီတစ်ခါအိပ်ပျော်နေတဲ့အလှလေးနိုးလာတဲ့အချိန်မှာ တောက်ပပြီးသက်တောင့်သက်သာဖြစ်စေတဲ့နေရောင်ခြည်နွေးနွေးလေးကသူ့ကိုစောင့်ကြိုနေလေတယ်။
သူ့ဘေးမှာကြီးမားတဲ့ပြတင်းပေါက်ကြီးက ပွင့်နေပြီးတော့ မနက်ခင်းရဲ့လတ်ဆတ်တဲ့လေကိုသယ်ဆောင်လာသည်။လေထဲမှာ နှင်းနဲ့မြက်ပင်လေးတွေတဲ့အနံ့ရောပါလာနေတာကိုတောင် သူခံစားမိတယ်။အဲတာကသူ့ကိုသက်တောင့်သက်သာခံစားရစေတဲ့အတွက် လင်းမန့်မန့်ရဲ့သန့်ရှင်းကြည်လင်တဲ့မျက်နှာလေးမှာ အပြုံးတစ်ခုပေါ်ပေါက်လာရသည်။
"အမ်း...အရမ်းနေလို့ကောင်းတာပဲ.."
တစ်ရက်လုံးတောင်အိပ်ရာပေါ်မှာ နေချင်တယ်
သူ့ရဲ့အဝတ်မပါတဲ့ခန္တာကိုယ်ကိုစောင်လေးတစ်ထည်နဲ့ဖုံးထားလို့ရနေတဲ့ခပ်နွေးနွေးခံစားချက်လေးက သူ့ကိုလန်းဆန်းသွားစေသည်။
ဒီလိုမျိုးခံစားချက်မျိုးကိုသူဟိုးအရင်ငယ်ငယ်တုန်းကခံစားခဲ့ရတယ်ဆိုတာကိုမှတ်မိတယ်။သူ့အမေက သူငယ်ငယ်တုန်းကြိုက်သလောက်အိပ်ခိုင်းသည်လေ။
အဲခံစားချက်လေးကိုတောင်ပြန်ပြီးလွမ်းဆွတ်မိသွားတယ်။ဒါပေမယ့် ပျော်ရွှင်မှုကခနလေးပဲကြာလိုက်ပါတယ်။ဘာလို့လဲဆိုတော့ သူဒီနေ့အိပ်ရာထဲမှာကြာကြာနေချင်တာက အရင်တုန်းကနဲ့မတူဘူးလေ။
အသက်ခပ်ပြင်းပြင်းရှူရှိုက်ပြီးမျက်လုံးဖွင့်ကြည့်လိုက်သည်။လှုပ်ရှားမှုသေးသေးကတောင် အရမ်းနာကျင်စေပြီးတော့ခန္တာကိုယ်ကဖြိုချခံလိုက်ရတဲ့genga towerတစ်ခုလိုမျိုးပဲ။
(genga towerကဒီဟာကိုပြောချင်တာပါ
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author