(Unicode)
ပြန်လည်မွေးဖွားလာတဲ့စာသင်သားကျောင်းသားရဲ့အခန်းကဏ္ဍ
ဆယ့်သုံးယောက်မြောက်ကိုယ်လုပ်တော်လေးက ဧကရာဇ်ဆီလုံးဝသွားမလည်ပတ်ချင်ဘူး။
လင်းမန့်မန့်လုပ်ချင်သမျှက လင်းခြံဝန်းထဲမှာပျင်းရိနေဖို့နဲ့စိတ်ကျေနပ်တဲ့အထိနေပူစာလှုံနေဖို့ပဲ။သူအလုပ်မရှိပေမယ့် ဇိမ်ခံနိုင်ပြီးသက်တောင့်သက်သာရှိရှိနေရတယ်ဆိုတဲ့ခံစားချက်ကို အရသာခံချင်တယ်။
သူ့မှာလိုအပ်သမျှအရာတွေကို လိုချင်သလောက်နဲ့အလကား လိုလိုလားလားထောက်ပံ့ပေးမယ့်ရှူးဂါးဒယ်ဒီတစ်ယောက်ရှိနေတာမို့ သူပိုက်ဆံဖြစ်စေ စားစရာဖြစ်စေပူစရာမလိုဘူး။ထပ်ပြောရမယ်ဆိုရင် ဒီရှူးဂါးဒယ်ဒီကြီးက သူ့ကိုအလိုလိုက်ရတာကို ကြိုက်တာမို့ အတွဲတွေကြားကကိုယ်ထိလက်ရောက်လုပ်တာလေးတွေကိုတော့ သူအထွန့်တက်မနေတော့ပါဘူး။
အမ်း....ဧကရာဇ်ရဲ့အခွင့်အရေးပေးဆုံးကိုယ်လုပ်တော်ဖြစ်လာဖို့ရာ ဘယ်လောက်ကောင်းတဲ့ဘဝလေးလဲ..........။
လင်းမန့်မန့်အပျင်းတစ်ဖို့ကြိုးစားနေရာကနေ အမြန်မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာဖို့ပြင်ဆင်တော့သည်။'ကော'လေးက ဧကရာဇ်ကိုဂရုစိုက်ဖို့ရာ ကြင်ကြင်နာနာနဲ့နေ့လည်စာထမင်းဗူးကိုပြုလုပ်ပြီးသွားပြီဖြစ်သည်။ဒါပေမယ့် တကယ်တော့ ဧကရာဇ်ကလမ်းလျှောက်ဖို့ခက်ခဲသည်အထိဝဝဖိုင့်ဖိုင့်ဖြစ်လာဖို့ရာ ကျွေးမယ့်ပလန်နဲ့ သူချက်ပြုတ်တာဖြစ်သည်။အဲဒီလိုအံ့သြစရာအခွင့်အရေးနဲ့သာဆိုရင် လင်းမန့်မန့်မကြာခင်ထွက်ပြေးနိုင်မှာဖြစ်ပြီး ဖက်တီးဧကရာဇ်ကသူ့ကိုလိုက်ဖမ်းနိုင်မှာမဟုတ်ပေ။
ကောင်းပြီ၊သူက သူ့ကိုလိုက်ဖမ်းနိုင်တုန်းပဲ။ဒါပေမယ့် သူ့ရဲ့အလေးချိန်ကတော့ သူ့ကိုမြေကြီးပေါ်မှာပဲကျောက်ချထားသလိုရပ်နေရစေလိမ့်မည် ပြီးတော့သူ့ရဲ့အဆုပ်တွေကဖိအားအများအပြားကြောင့်အရှုံးပေးရလိမ့်မည်။သူ့ရဲ့အဆီတွေကြောင့် ရိုးရိုးတန်းတန်းချောင်းဆိုးရုံလေးနဲ့တင် သူကသေတောင်သေသွားနိုင်တယ်။
(T/N: မန့်မန့်ကစာရေးဆရာလုပ်ရမှာသိလား သူစိတ်ကူးတေတအားယဥ်(×_×)
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author