(Unicode)
ဇနီးလေး ပျင်းနေတယ်!
လင်းမန့်မန့်ရဲ့သရုပ်ဆောင်အရည်အချင်းက အရမ်းကိုကောင်းမွန်နေတဲ့အတွက် တစ်ယောက်ယောက်ကသာ ကြည့်မိရင် သူ့ကိုအော်စကာဆု၅ဆုတောင် ပေးလိမ့်မယ်။တကယ်တော့ သူမနေ့ညက လက်ကိုအလုပ်ပေးပြီး ပင်ပန်းထားရတာမို့ ဟန်ဆောင်စရာတောင်မလိုတော့ဘူး။သူနိုးလာတဲ့အချိန်မှာ သူ့လက်တွေက ထုံနေရာကနေ နာတောင်နာလာသည်။မျက်ရည်တစ်စက်တောင်မကျဘဲနဲ့ လက်ချောင်းလေးတစ်ချောင်းကိုတောင် မမနိုင်ဘူး။
သူနောက်ထပ်တောင် အသက်မရှင်ချင်တော့သလိုမျိုး အိပ်ရာပေါ်မှာပျင်းရိစွာ လှဲလျောင်းနေသည်။ယန်ကျင်းလုံကလည်း သူ့ရဲ့ပင်ပန်းနေတဲ့ဇနီးလေးအတွက် နေ့လည်အစောစာမတိုင်ခင်အထိ မလှုပ်ရှားပေ။လင်းမန့်မန့်မျက်လုံးဖွင့်လိုက်တဲ့အခါ ဧကရာဇ်ကခေါင်းကိုလက်နဲ့ထောက်ထားပြီးတော့ သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။သူ့ရဲ့မျက်လုံးထဲမှာလည်း ချစ်မြတ်နိုးမှုတွေနဲ့ပြည့်နေပြီးတော့ လင်းမန့်မန့်ဆီကို ပြုံးပြလာသည်။
လင်းမန့်မန့်သာ ဒီဧကရာဇ်က ရှေးခေတ်စားဘဲကြီးဆိုတာကို မသိထားရင် အဲဒီမျက်လုံးတွေကိုအမှန်လို့ထင်ပြီး ဧကရာဇ်ကတစ်ကယ်ပဲသူ့ကိုချစ်နေတယ်လို့ ထင်မိလိမ့်မယ်။သူနှလုံးသားထဲကနေ ကဲ့ရဲ့လိုက်သည်။ဒီလူရဲ့ညခရီးက ညစ်ညမ်းမှုတရားကိုတောင် ကျော်နေသေးတယ်။ဖြစ်နိုင်မယ်ဆိုရင် သူဧကရာဇ်ကို ကြီးမားလှတဲ့လိင်စိတ်ပြင်းပြမှုကြီးအတွက် ဆုတံဆိပ်တစ်ခုတောင် ပေးလိုက်ချင်သေးတယ်။
ယန်ကျင်းလုံက လင်းမန့်မန့်ရဲ့မျက်လုံးဖြည်းဖြည်းချင်းပွင့်လာတာလေးကို သဘောကျနေသည်။သူ့ရဲ့မျက်တောင်လေးများခတ်နေပုံက အရမ်းကိုပြည့်စုံလှသည်။ရီဝေနေတဲ့မျက်လုံးလေးများထဲက အညိုရောင်မျက်ဝန်းလေးများကို ထုတ်ဖော်ပြသလာသည်။လင်းမန့်မန့်သူ့ကို အိပ်ချင်မူးတူးနဲ့ကြည့်ရင်း ပြုံးပြလိုက်သည်။ယန်ကျင်းလုံရဲ့နှလုံးသားက နွေးထွေးမှုလေးကို ခံစားလိုက်ရပြီး အဲဒီဖျော့တော့နေတဲ့နှုတ်ခမ်းလေးများဆီကိုတိုးလိုက်ပြီး သူ့ကိုနမ်းလိုက်သည်။အဲဒါက ဒီအတိုင်းတိုတောင်းပြီးချိုမြိန်တဲ့ ရိုးရှင်းတဲ့မနက်ခင်းနှုတ်ဆက်အနမ်းလေးသာဖြစ်သည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author