(Unicode)
နေရာအမှန်
စွန့်စားသွားလာသူတွေကိုထောင်ချောက်ဆင်ဖို့ရန်အလို့ငှာစောင့်နေတဲ့ဒိုင်မန်းရှင်းမွန်းစတားကြီးအချို့ရဲ့ပါးစပ်ထဲစုပ်ယူခံလိုက်ရသလိုမျိုး လင်းမန့်မန့်က အခန်းအတွင်းထဲကို သန်မာတဲ့အားတစ်ခုနဲ့ဆွဲယူခံလိုက်ရသည်။ဒါပေမယ့် လင်းမန့်မန့်ကစွန့်စားသွားလာသူမဟုတ်ဘူး ပြီးတော့ ဒိုင်မန်းရှင်းမွန်းစတားကောင်ကြီးကလည်း ဒိုင်းမန်းရှင်းမွန်းစတားကောင်ကြီးမဟုတ်ပေမယ့် ယန်ကျင်းလုံအမည်ရတဲ့ရှေးခေတ်စားဘဲကြီးရယ်ပါလေ..။
အမှန်ပါပဲ လူသားတို့ရေ!လင်းမန့်မန့်က ရုတ်တရက် boss level(ဂိမ်းတစ်ခုရဲ့နောက်ဆုံးlevel)ဆီခေါ်ဆောင်သွားခံလိုက်ရပြီ!
မိစ္ဆာအရှင်ယန်ကျင်းလုံရဲ့ရုတ်တရက်ခေါ်ဆောင်သွားခြင်းကိုခံရပြီးတဲ့နောက် ဟိုးအဝေး..အဝေး..အဝေး..အဝေးကြီးမှာရှိတဲ့ကျွန်းဆီမှာအဖမ်းဆီးခံထားရတဲ့ မင်းသား(မင်းသမီး)လေးလင်းမန့်မန့်ဟာ သူ့ရဲ့လှုပ်ရှားမှုတွေကို ရွှေရောင်ကြိုးကြီးနဲ့ကန့်သတ်ခံထားရသည်။သူ့ကို mage(မှော်ဆရာ)လေးသုံးကောင်ဖြစ်တဲ့လုမောင်းနဲ့အပုပ်မလေးတွေက ကာကွယ်ပေးကြသည် ဒါပေမယ့် သူတို့က အဆုံးမှာသစ္စာဖောက်ဖြစ်လာတဲ့ခါးသက်နေတဲ့ စင်ဂယ်လ်ခွေးကောင်ချန်းကျဲရဲ့အနိုင်ယူခြင်းကိုခံလိုက်ကြရသည်။
မှော်ဆရာလေးများ(mages)က ကလေးသေးသေးလေးတွေပဲရှိသေးသည်လေ ဒါ့ကြောင့် သူတို့မှာ မိစ္ဆာအရှင်ယန်ကျင်းလုံကိုတိုက်ခိုက်ဖို့ပါဝါတွေမရှိပေ..ပြီးတော့ မင်းသား(မင်းသမီး)လေးလင်းမန့်မန့်ဘေးကင်းဖို့ရာ နတ်တွေဆီမှာသာဆုတောင်းနိုင်တော့သည်။သူတို့ လက်တွေ့နဲ့စိတ်ကူးယဥ်လောကနှစ်ခုကြားဆက်သွယ်ထားတဲ့တံခါးဆီကိုသာ စိုက်ကြည့်နေနိုင်ကြတော့သည်။လုမောင်းက ငိုချင်လာပြီဖြစ်ပြီး အပုပ်မလေးများက ဒေါသူပုန်ထမိတော့မည်....သူတို့ရဲ့နားရွက်တွေကို တံခါးမှာကပ်လိုက်ကြသည် ပြီးတော့.....
ESTÁS LEYENDO
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Ficción históricaI don't own this novel,just translation All credits to original author