Ep.22

1.8K 255 11
                                    

(Unicode)

ယန်ကျင်းလုံနဲ့သူ့ရဲ့ရှာလကာရည်သဘောထား

ကိုယ်လုပ်​တော်တစ်​ယောက်အဖြစ်နဲ့လင်းမန့်မန့်ရဲ့ဘဝက အမှန်တကယ်ပဲအလွန်အကျူးဒရမ်မာဆန်လွန်းလှသည်..

သူ TV​ပေါ်မှာမြင်​နေကျဒရာမာဇာတ်လမ်း​တွေနဲ့​တော်​တော်ကြီးကိုဆင်တူတဲ့ အရမ်းတုံးအပြီး၊ဆီလျော်မှုမရှိဘူးလို့​ပြောလို့ရတဲ့အဖြစ်အပျက်တွေကို ​ရေတွက်ကြည့်ပြီးသွားပြီ။အရမ်းကိုထက်မြက်လွန်းတဲ့ဇာတ်​ကောင်​တွေရဲ့ဇာတ်သိမ်းကိုသိရဖို့ကသေ​လောက်​အောင်​ကောင်းလွန်းတယ်။ဘာလို့လဲဆိုတော့ သူတို့ကမကြာခနဆိုသလိုအပိုအ​မြောက်စာဇာတ်​ကောင်​တွေအဖြစ်သရုပ်​ဆောင်ကြလို့ပဲ။လင်းမန့်မန့်ရဲ့အမြင်အရဆိုရင်တော့ တုံးအတဲ့ဇာတ်​ကောင်​တွေကရက်စက်တဲ့ကမ္ဘာကြီးမှာအသက်ရှင်နိုင်တာက ရူပ​ဗေဒသ​ဘောတရားနဲ့တကယ်ကိုကွဲလွဲ​နေတယ်။

ဒီလိုမျိုး​ပေါ့..အခုလက်ရှိအ​ခြေအ​နေကိုပဲကြည့်ကြည့်လိုက်။

ကြင်နာတတ်ပြီးကျိုးပဲ့လွယ်တဲ့ဇာတ်​ကောင်လိုမျိုးသရုပ်​ဆောင်​နေတဲ့လင်းမန့်မန့်က ပန်းပွင့်ပုံ​တွေထွင်းထားပြီးအလှဆင်ထားတဲ့သစ်သားထိုင်ခုံ​ပေါ်မှာထိုင်​နေသည်။လက်ရာက​သေ​သေသပ်သပ်ရှိပြီး အသေးစိတ်ပြုလုပ်ထားသည်ကိုမြင်နိုင်သည်။သစ်ရွက်​တွေကအားမာန်အပြည့်ဖြစ်​နေချိန်မှာ ပန်းပွင့်ချပ်​တွေကရှက်ရွံ့စွာပွင့်လန်း​နေသည် - ရိုးရှင်းတဲ့ထိုင်ခုံ​လေးမှာ ဒီ​လောက်အစစ်အမှန်လိုမြင်ကွင်း​မျိုးပုံ​ဖော်ထားလိမ့်မယ်လို့ဘယ်သူထင်မှာလဲ။

အဲဒီအလှဆင်ပုံဖော်ထားတာက ​လေလံပွဲမှာ​ရောင်းချဖို့လုံ​လောက်​အောင်​ကောင်းတယ် ဒါမှမဟုတ်ရင် ​​မော်ဒန်​ခေတ်အမျိုးသားပြတိုက်မှာခင်းကျင်းပြသထားခံရမယ့် အကောင်းဆုံးသမိုင်းဝင်လက်ရာတွေထဲကတစ်ခုဖြစ်လာနိုင်မယ်လို့ လင်းမန့်မန့်​တွေးလိုက်သည်။ပန်းထွင်းတာနဲ့ပတ်သတ်လို့ဘာမှမသိနားမလည်တဲ့​ခေတ်သစ်ကလူတစ်​ယောက်အ​နေနဲ့ အဲဒီဟာက​ဒေါ်လာရာချီတန်ဖိုးရှိတယ်ဆိုတာကိုသူ​ပြောနိုင်သည်။သူ့ရဲ့ယင်​ကောင်ဝင်ဥ​နေတဲ့ပိုက်ဆံအိတ်ကိုစိုပြေသွား​စေနိုင်တယ်ဆိုတာသိရုံနဲ့တင် သွားရည်ယိုလာသည်​။

ထွက်​ပြေးမ​နေပါနဲ့​တော့ ဇနီး​လေး​ရေ(Translation)Donde viven las historias. Descúbrelo ahora