ဆေးခြယ်တာမှားတယ်!
(Unicode)
လင်းမန့်မန့်ရဲ့လက်တွေက အနီမှတ်ကလေးကို ထိရင်းနဲ့တုန်ယင်လာသည်။'သူ့ရဲ့ကျူးရှက အရောင်ဖျော့နေရမှာလေ...ဘာဖြစ်လို့ အခုကျအရောင်တအားတောက်နေရတာလဲ?'အရောင်ရင့်ကျူးရှကြောင့် အကြည့်တစ်ချက်နဲ့တင် လင်းမန့်မန့်က အရည်အသွေးမြင့်ကောတစ်ယောက်ဖြစ်တယ်ဆိုတာ ချက်ချင်းပြောနိုင်ကြလိမ့်မည်။အဲတာက ရှားပါးတဲ့အရောင်ရင့်ရင့်ဖြစ်ရုံတင်မကဘူး သူ့ရဲ့ကလေးမွေးဖွားနိုင်စွမ်းကလည်း ၁၀၀ရာခိုင်နှုန်းကိုကျော်နေနိုင်သည့် ဖြစ်နိုင်ချေလည်းရှိသေးသည်!
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဒါက ဘယ်လိုဖြစ်ရတာလဲ'
သူ့ရဲ့တုံ့ပြန်မှုထက်ပိုပြီး လုမောင်းရဲ့မျက်နှာကလေးနက်နေသည်။အန္တရာယ်ထဲမှာ ကျရောက်နေတဲ့အတိုင်းကို ဖြစ်နေသည်။အရင်ဘဝတုန်းက လင်းမန့်မန့်ရဲ့ကျူးရှက အရောင်ပြောင်းမသွားပါဘူး!အဲတာက ဖျော့တော့တဲ့ပန်းရောင်ဖြစ်ခဲ့ပြီးအဆိပ်ခတ်ခံရပြီးနောက်မှာ ပိုပြီးတောင် ဖျော့တော့လာခဲ့သည်။အခုပိုပြီးအရောင်ရင့်လာတဲ့အတွက် ဧကရာဇ်သာအဲတာကိုမြင်သွားမယ်ဆိုရင် လင်းမန့်မန့်အတွက် လွတ်မြောက်ဖို့ပိုပြီးခက်ခဲသွားနိုင်သည်။
"သခင် အဲဒါက ဘာလို့အရမ်း...နီနေရတာလဲ?"လုမောင်းကမေးလိုက်သည်။ဘာလို့အရောင်ပြောင်းသွားတယ်ဆိုတာ သူ,မတွေးတတ်ပေ။
လင်းမန့်မန့်က ဆက်ပြီးတိတ်ဆိတ်နေသည်။တစ်နည်းနည်းနဲ့ သူ့ရဲ့ပန်းရောင်ကျူးရှက အနီရောင်ပြောင်းသွားနိုင်တဲ့ဖြစ်နိုင်ချေတစ်ခုသူ့ဆီမှာ ရှိနေသည်။သူကသာ မူလလင်းမန့်မန့်ဆိုလျှင် ကျူးရှကပန်းရောင်အဖြစ်ပဲတစ်သက်လုံးရှိနေလိမ့်မည်။ဒါပေမယ့် သူဝိညာဥ်ကူးပြောင်းလာတဲ့အခါ သူ့ရဲ့ဝိညာဥ်က တန်ဖိုးတစ်ခုအဖြစ်ရောက်သွားပြီး အရောင်ဖျော့ရာကနေ ရင့်သွားတာဖြစ်မည်။
လင်းမန့်မန့်က မူလကယောကျ်ားလေးတစ်ယောက်ဖြစ်သည်လေ။သူက ငယ်ရွယ်ကျန်းမာပြီး မျိုးပွားနိုင်စွမ်းကထိပ်ဆုံးမှာရှိနေခဲ့သည်။သူသာ ဝိညာဥ်မကူးပြောင်းခဲ့ဘူးဆိုရင် သူမိန်းမယူမည်ဖြစ်ပြီး ယူပြီးသည့်နောက်တစ်ရက်မှာတင် ကလေးရသွားနိုင်သေးသည်။သူ့ရဲ့ယောကျ်ားတစ်ယောက်အဖြစ် မျိုးပွားနိုင်စွမ်းမြင့်မားမှုက ဒီ'ကော'လေးရဲ့ ခန္တာကိုယ်ထဲအထိ ကူးပြောင်းလာတာဖြစ်မည်။ပြီးတော့ သူရဲ့ဝိညာဥ်က မူလခန္တာကိုယ်ကို အားနည်းရာကနေ သန်မာအောင်ပြောင်းလဲပေးလိုက်သည်ဖြစ်မည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author