(Unicode)
ခင်ပွန်းရဲ့အခန်းကိုစစ်ဆေးခြင်း(Part-01)
သာလွန်တဲ့အလှတရားနဲ့ကောလေးမျက်လုံးတွေပွင့်လာချိန်မှာတော့ နေ့လည်သုံးနာရီပင်ရှိနေပြီ..။အခန်းရဲ့လိုက်ကာတွေကို ခပ်ကျယ်ကျယ်ဖွင့်ထားတဲ့ပြတင်းပေါက်ရဲ့တစ်ဖက်တစ်ချက်စီမှာချိတ်ဆွဲထားပြီး သန့်ရှင်းတဲ့လေနဲ့နွေးထွေးတဲ့အလင်းရောင်လေးကို ဝင်ခွင့်ပြုထားသည်။အားနည်းကျိုးကြေလွယ်တဲ့ပုံရိပ်လေးက သက်ရှိတွေ၊စွမ်းအင်တွေပြည့်နေသေးတဲ့ အပြင်ဖက်ကမ္ဘာကြီးကိုခေါင်းလေးလှုပ်ပြီးသာ လှမ်းကြည့်လိုက်သည်။ဒီမြင်ကွင်းက ဒီဇာတ်လမ်းမှာတင်ကို သုံးကြိမ်လောက်ပြသပြီးသွားပြီ။သို့ပေမယ့် ပထမမြင်ကွင်းနှစ်ခုက မပျော်မရွှင်ဖြစ်နေတဲ့ချစ်သူလေးကိုသာဖော်ပြခဲ့သည်..၊သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ လင်းမန့်မန့်က လက်ထပ်ပြီးခါစဇနီးလေးတစ်ယောက်ရဲ့နွေးထွေးတဲ့ပုံရိပ်လေးကိုသာ ဖော်ပြနေသည်။သူ့ရဲ့အညိုရောင်မျက်ဝန်းလေးတွေက ပိုးထည်နဲ့အတူခပ်ညစ်ညစ်ခံစားချက်နဲ့ဆော့ကစားနေတဲ့လေပြည်နဲ့ လန်းဆန်းစွာကခုန်နေတဲ့လိုက်ကာစကိုကြည့်လိုက်သည်။အဲဒါက သူ့ရဲ့နှုတ်ခမ်းလေးတွေကို စိတ်ကြည်နူးမှုကြောင့်ပြုံးသွားစေသည်။
သူ့မျက်လုံးတွေမပိတ်လိုက်ခင် အသက်ရှုသံသေးသေးလေးနှင့်သက်ပြင်းတစ်ချက်ချလိုက်သည်..ပြီးမှ-
အားးးးးး!
သူစိတ်ထဲကနေ အော်ဟစ်လိုက်သည် -စိတ်စွမ်းအင်ပါဝါရှိတဲ့သူဘယ်သူမဆိုရဲ့ အကျိန်ဆဲကိုခံရနိုင်ပြီး သူ့ရဲ့အော်ဟစ်မှုကြောင့်နားထဲကသွေးတွေထွက်ပြီး သေသွားနိုင်သည်။အပြင်ဘက်မှာဘာတွေပဲဖြစ်နေနေ သူကအရမ်းသန့်စင်ပြီးပျင်းရိနေတဲ့ပုံပေါက်နေသည် ဒါပေမယ့် အခုလင်းမန့်မန့်ရဲ့စိတ်အတွင်းပိုင်းမှာတော့ 'ရှက်ရွံ့မှု'နဲ့'အနေခက်ခြင်း'တို့နဲ့လူးလွန့်နေသည်။သူ့စိတ်အတွင်းထဲမှာနေထိုင်နေတဲ့မျောက်တွေက လင်းကွင်းကိုအကြာကြီးတီးနေတာမို့သေဆုံးသွားကြပြီ..ဘာပဲကျန်ခဲ့လဲဆိုတော့ တစ်စက္ကန့်ကို၄၀ကီလိုမီတာအရှိန်နဲ့ပြေးစက်ပေါ်မှာပြေးနေတဲ့ဟမ်းစတားလေးတစ်ကောင်ပဲရှိတော့တယ်..။
BẠN ĐANG ĐỌC
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Tiểu thuyết Lịch sửI don't own this novel,just translation All credits to original author