(Unicode)
အချစ်ရူးနဲ့သကြားလုံးချိုချဥ်လေးတွေ
အစေခံလေးများက အခန်းကိုသန့်ရှင်းရေးလုပ်ပြီး သူတို့သခင်ကိုစစ်ဆေးဖို့ရာပြန်လာကြသည်။လင်းမန့်မန့်က ကျောက်ခုံပေါ်ထိုင်ရင်း သူလုပ်ထားသည့်အစားအစာတွေကိုစားနေတာကို သူတို့မြင်လိုက်ကြသည်။အရင်ဘဝတုန်းက လင်းမန့်မန့်က တူညီတဲ့စားစရာတွေကို ဧကရာဇ်ကိုကျွေးဖို့ရာအတွက် ယူသွားလေ့ရှိတာကို သူတို့မှတ်မိသည်။ဒါပေမယ့် အခုကတော့ စားနေတဲ့လူက သူဖြစ်နေသည်။လင်းမန့်မန့် ကလေးတွေကိုသတိထားမိတဲ့အတွက် သူတို့လည်းစားဖို့ရာလှမ်းခေါ်လိုက်သည်။အစေခံတွေက ကိုယ့်နေရာကိုယ်သိသည့်အတွက် အနားကိုလျှောက်လာကြပြီးတော့ သူတို့သခင်ဘေးမှာပဲရပ်နေကြသည်။လင်းမန့်မန့်က သူတို့ကိုသူ့နားမှာထိုင်ကြဖို့ တိုက်တွန်းလိုက်ပေမယ့် ကလေးတွေကလှုပ်တောင်မလှုပ်တာမို့ သူနောက်ထပ်မပြောတော့ပေ။
သူပန်းကန်ထဲကဖက်ထုပ်ကိုမျှပေးဖို့လုပ်တဲ့အခါမှာ ပန်းကန်ထဲမှာဘာမှမရှိတော့တာကို သူသတိထားမိလိုက်သည်။မျက်တောင်တစ်ခက်အတွင်းမှာပဲ စောစောကမှပန်းကန်ထဲရှိနေတဲ့ဖက်ထုပ်အခုနှစ်ဆယ်က အကုန်ကုန်သွားပြီ။သူတွေးငေးနေရင်းဝါးနေလိုက်တာ အခုနှစ်ဆယ်လုံးတစ်ခါထဲကုန်သွားသည်ကိုသတိမပြုမိတာဖြစ်သည်။အဲဒါက သူ့ကိုရှက်စေတဲ့အတွက် မျက်နှာကိုဖုံးဖို့ခေါင်းကိုနည်းနည်းငုံ့လိုက်သည်။
အာ..ငါတစ်ကယ်ပဲ အစားကြူးတဲ့သူတစ်ယောက်မဟုတ်ရပါဘူး!
ဒါပေမယ့်တကယ်တမ်းတော့ လင်းမန့်မန့်ကအများကြီးစားနိုင်တဲ့သူဖြစ်သည်။သူကယောကျ်ားသားတစ်ယောက်ဖြစ်ပြီး သူမွေးကတည်းက အစားစားတာကသူ့အကြိုက်ဆုံးဝါသနာဖြစ်သည်။သူကထမင်းကိုပန်းကန်ရေအများကြီးစားနိုင်ပြီး ခေါက်ဆွဲပွဲကြီးသုံးပွဲစားပြီးတာတောင် အချိုပွဲအတွက်ဗိုက်ထဲမှာနေရာလွတ်ကျန်နေသေးသည်။မင်းကသူ့ကိုဘာစားစရာပဲပေးပေး သူစားနိုင်သည်။လမ်းဘေးအစားအစာတွေဆိုရင်တောင်သူ့အတွက်က စားကောင်းသောက်ဖွယ်ပဲဖြစ်သည်။
(T/N: ငင့်..အစားကြူးသူမဟုတ်ဘူးဆို)
BINABASA MO ANG
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author