(Unicode)
ခင်ပွန်းရဲ့အခန်းကိုစစ်ဆေးခြင်း(Part-02)
Shit!ဗိုက်ဆာလာပြီ..
လင်းမန့်မန့် ယန်ကျင်းလုံရဲ့အထက်တန်းကျောင်းလောက်ကပုံတွေကို ပျော်ရွှင်စွာ၊ဝမ်းနည်းစွာ ကျိန်စာတိုက်နေရင်း၊ချီးမွမ်းနေရင်း သူ့အစာအိမ်အတွင်းကသက်ရှိလေးရဲ့ငြီးတွားနေသံကိုကြားလိုက်ရသည်။
(T/N:ကလေးကိုပြောတာမဟုတ်ဘူး ဗိုက်ထဲက'ဂွီ'ဆိုပြီးမြည်တာကိုပြောချင်တာပါ)
အသံကကျယ်လောင်လွန်းတာမို့ လင်းမန့်မန့် သူ့ဟာသူတောင်ပြန်လန့်လုနီးပါးဖြစ်သွားရသည်။ကောင်းပြီ..ဒါကသူ့ရဲ့ပုံမှန်ဗိုက်ဆာလာတဲ့အချက်ပြမှုဖြစ်သည်လေ..ဒါ့ကြောင့် သူပျော်ရွှင်နေတဲ့အချိန်လေးကိုအမြန်ဖယ်ထုတ်ပစ်လိုက်ရပြီး စားစရာကို စပြီးရှာတော့သည်။အခန်းထဲက စည်းစိမ်ဥစ္စာတွေက ကောလေးရဲ့မြင်ကွင်းရှေ့မှာ တလက်လက်တောက်ပနေကြသည် ဒါပေမယ့် သူကတော့ သူတို့ရဲ့ဆွဲဆောင်နေမှုတွေကို လျစ်လျှူရှုလိုက်သည်။လင်းမန့်မန့်ညည်းတွားလိုက်ပြီးထောင့်ကနေမတ်တပ်ထရပ်လိုက်ကာ ထွက်ပေါက်ကိုအမြန်ရှာဖွေလိုက်သည်။ဗိုက်ထဲမှာဘာမှချိုမြိန်တဲ့အရာမရှိတာကို ညည်းညူနေရင်း စားလို့ကောင်းတဲ့အသင့်စားစားစရာတွေရဲ့နာမည်ကိုရေရွတ်ကာဗိုက်ဆာတာကိုဖြေဖျောက်ဖို့ကြိုးစားရင်းနဲ့ သူ ဗိုက်ကိုအသာအယာပွတ်သပ်လိုက်သည်။
သူ ပီဇာရယ်၊ဘာဂါရယ်၊အာလူးချောင်းကြော်တွေကိုစားချင်တယ်..။အဲဒီဟာတွေက ပုံမှန်အစားအစာတွေသာဖြစ်ပေမယ့် သူ့အကြိုက်နဲ့ကိုက်ညီသည်။ပြီးတော့လည်းပဲ သူအဆင့်အတန်းမြင့်အစားအစာတွေကိုမတတ်နိုင်တာကြောင့် အဲဒီဆီတွေနဲ့ပြည့်နေတဲ့စားစရာတွေရယ်၊အသင့်စားခေါက်ဆွဲခြောက်တွေရယ်၊ခေါက်ဆွဲရယ်ကိုသာစားသည်။သူက ရေခဲမုန့်တို့ဂျယ်လီတို့လိုအေးတာတွေချိုတာတွေကိုစားရတာကိုလည်း နှစ်ခြိုက်သေးသည်..ပြီးတော့ မင်းကသူ့ကိုကိတ်အကြီးကြီးတစ်လုံးပေးမယ်ဆိုရင်?ကောင်းပြီ..သူကအဲဒါကို နှလုံးသားတစ်ခုလုံးနဲ့ရောအစာအိမ်တစ်ခုလုံးနဲ့ပါလက်ခံပေးလိမ့်မယ်..။
KAMU SEDANG MEMBACA
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Fiksi SejarahI don't own this novel,just translation All credits to original author