(Unicode)
အကြိုက်ဆုံးချွေးမလေး
လင်းမျန့်မျန့်ဟာ ပျင်းရိနေရတာနဲ့တင် သူ့မှာဖြစ်လာမယ့်အရမ်းအရေးကြီးလှတဲ့ဖြစ်ရပ်ကို မေ့လုနီးပါးဖြစ်နေသည်။သူ့ခန္တာကိုယ်က အဆိပ်ခတ်ခံရတဲ့လက္ခဏာတွေပြလာမှသာ မျိုးမပွားနိုင်တဲ့ဖြစ်ရပ်ကိုသတိရသွားတော့သည်။
(T/N: အဆိပ်ခတ်ခံရပြီးတာလားဘာလား ဒီနေရာကိုသိပ်မသဲကွဲပါဘူး ရေးထားတာကတော့ဒီအတိုင်းပါပဲ ဘာသာပြန်အယူအဆလွဲတာလားဘာလားတော့မသိပေမယ့် နောက်အပိုင်းတွေနဲ့ဆက်စပ်ပြီးသိရမှ မှားနေရင်ပြန်editပါ့မယ်)မှတ်ဥာဏ်တွေအရ မူလလင်းမျန့်မျန့်ကသူ့ကိုဘယ်သူအဆိပ်ခတ်တယ်ဆိုတာမသိခဲ့ပေ။သူသိတာဆိုလို့ သူ့ကိုကလေးမွေးဖွားနိုင်တဲ့စွမ်းရည်သုံးမရတော့အောင် မြုံသွားစေတဲ့ဆေးအတိုက်ခံခဲ့ရတာကိုပဲဖြစ်သည်။မူလကိုယ်ကလည်း အဲဒီကိစ္စကိုမောင်းမဆောင်ကလုပ်တာဆိုပြီးသာ အကြမ်းဖျင်းသိတာမို့ လင်းမျန့်မျန့်လည်း တရားခံကိုဘယ်လိုဖမ်းရမလဲမသိပေ။
အဲဒီဆေး(အဆိပ်)ကို အရသာမရှိတဲ့အဖြူရောင်အမှုန့်အဖြစ်ပြုလုပ်ထားသည်။အဲဒါကိုအစာထဲ ဒါမှမဟုတ် သောက်စရာထဲရောထည့်လိုက်ရင် သတိပြုမိမှာမဟုတ်ပေ ပြီးတော့ နည်းပါးတဲ့ပမာဏကိုစားသုံးရင် အာနိသင်နည်းနည်းပဲပြသည်။သူ့မှာထူးဆန်းတဲ့လက္ခဏာလည်းရှိသည် - ဆေးကိုသောက်မိတဲ့သူက ရုတ်တရက်ကြီးကျန်းမာလာတတ်သည် အဲဒါကလည်း အဆိပ်ရဲ့တကယ့်ရည်ရွယ်ချက်ကိုဖုံးထားဖို့ဟန်ဆောင်မှုသာဖြစ်သည်။
မူလလင်းမျန့်မျန့်က အဲဒီဆေးကိုသတိမထားမိခဲ့ပေ။သူကသူတော်စင်လိုလူမျိုးဖြစ်တာမို့ သူ့ကိုလူတွေကဘာပဲပေးပေး သူကအဲဒါကိုပျော်ရွှင်စွာ စားသုံးပေးမှာဖြစ်သည်။အဲဒါကလည်း အခြားလူတွေအပေါ်မှာထားတဲ့သူ့ယုံကြည်မှုကိုပြချင်လို့သာဖြစ်ပေမယ့် အဲဒါကပဲသူ့ဆီသေခြင်းတရားကိုယူဆောင်လာသည်။သူ့ရဲ့ကျူးရှအမှတ်ကအရောင်ပျောက်ပြယ်သွားမှသာ သူထောင်ချောက်အဆင်ခံရတာကိုနားလည်ခဲ့သည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author