(Unicode)
အချစ်ကနာကျင်စေတယ်
လင်းမန့်မန့်သူ့ကိုရှောင်နေရတဲ့အကြောင်းပြချက်က ဒီကောလေးကသူ့ကိုကြောက်နေတာကြောင့်ဆိုတာ သူဘယ်တုန်းကမှမတွေးမိခဲ့ဘူး။
ယန်ကျင်းလုံက တိုင်းပြည်တစ်ခုလုံးအပေါ်မှာအုပ်ချုပ်နေတာ နှစ်တွေကြာနေပြီဖြစ်ပြီး သူ့ကိုဥာဏ်ပညာရှိတဲ့အုပ်ချုပ်သူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရသည်။သူက လူမှုရေးရာတွေကိုင်တွယ်ရာမှာကြင်နာတတ်ပြီး အပြစ်ပေးခံရဖို့ထိုက်တန်တဲ့ရာဇဝတ်မှုတွေအပေါ်မှာတော့ ရက်စက်စွာကိုင်တွယ်တတ်တယ်။သူ့ရဲ့ဂုဏ်သတင်းကသန့်ရှင်းကြည်လင်နေသည် ဒါပေမယ့် စွန်းထင်းနေတဲ့တစ်ခုတည်းသောအချက်ကတော့ သူ့အိပ်ရာကိုနွေးအောင်လုပ်ပေးဖို့ကိုယ်လုပ်တော်များစွာရှိနေတယ်ဆိုတဲ့တစ်ချက်ပင်ဖြစ်သည်။
ဒီအရာက ရိုးရာအစဥ်အလာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးနေပြီ ဒါ့ကြောင့် သူဒီကိစ္စတွေအပေါ်မှာဘယ်လိုကိုင်တွယ်နေတယ်ဆိုတဲ့အပေါ်မှာ လူကြီးပိုင်းတွေက ဘာမှမှတ်ချက်ပြုမနေကြတော့ပေ။အဆုံးမှာတော့ သူကဧကရာဇ်တစ်ပါးဖြစ်နေပြီး သူ့ကိုထောက်ပံ့ဖို့လူအနည်းငယ်လိုတယ်လေ။ပြီးတော့လည်း သူ့ဘေးမှာကိုယ်လုပ်တော်အရေအတွက်များများရှိနေတာက မျိုးဆက်ကျန်ဖို့အာမခံချက်ရှိသည်လေ။သားသမီးများတာက ပိုကံကောင်းခြင်းဆိုတဲ့အဓိပ္ပါယ်ဖြစ်သည် ဒါ့ကြောင့်ဘယ်သူကမှအဲဒါနဲ့ပါတ်သတ်ပြီးမဝေဖန်ကြတော့ပေ။
ထပ်ပြောရရင် သူ့ရဲ့တစ်လတာအချစ်ရောဂါကလည်း သူ့ပုံရိပ်ကိုဖျက်ဆီးပစ်နိုင်တဲ့တစ်စုံတစ်ရာမဟုတ်ဘူး။အချို့အမတ်တွေဆိုရင် ဇနီးခုနှစ်ယောက်ယူထားကြပြီး ယန်ကျင်းလုံထက်ဆိုးသည်က သူတို့မှာ ညတိုင်းအိပ်ရာနွေးအောင်လုပ်ပေးမယ့် မိန်းမတစ်ယောက်စီရှိနေသည်။အနည်းဆုံးတော့ ဧကရာဇ်ကတစ်လကိုမိန်းမတစ်ယောက်ပဲအလိုရှိပြီး အဲဒါက ညတိုင်းမိန်းမပြောင်းနေတာထက်တော့ ပိုကောင်းသေးသည်။
ESTÁS LEYENDO
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Ficción históricaI don't own this novel,just translation All credits to original author