(Unicode)
အဓိကဇာတ်ဆောင်က နောက်ကျမှထွက်ပေါ်လာတယ်
ရက်အနည်းငယ်ကျော်လွန်သွားပြီးနောက်မှာ ဧကရာဇ်ကလိုအပ်တဲ့အရင်းအမြစ်တွေအားလုံးစုစည်းပြီးသွားပြီဖြစ်သည်။စစ်သူကြီးခုံးဝမ်က သူ့စစ်သည်တော်တွေကိုမထွက်ခွာခင် နောက်ဆုံးပြင်ဆင်မှုတွေပြုလုပ်ကြဖို့ညွှန်ကြားလိုက်သည်။ဝန်ကြီးတွေအားလုံးလည်း ယန်ကျင်းလုံကအဝေးမှာတော်တော်ကြာကြာရှိနေရမှာမို့ တင်ပြဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကို တင်သွင်းနေရင်းအလုပ်ရှုပ်နေကြသည်။
ဒီအချိန်အတောအတွင်းမှာ ယန်ကျင်းလုံကလင်းမန့်မန့်နဲ့အတူကျန်တဲ့ရက်လေးတွေကို ဖြတ်သန်းချင်သော်လည်း သူဇိမ်ခံနေဖို့မတတ်နိုင်ဘဲ သူ့ရုံးတော်အတွင်းမှာသာ တိတ်တဆိတ်ငိုကြွေးနေရသည်။ဝန်ကြီးချန်းကျဲက မျက်ရည်တွေကိုအမြဲသုတ်ပေးဖို့ဘေးမှာရှိနေပြီး သူ့အရှင်လက်မှတ်ထိုးရမယ့်စာရွက်စာတမ်းတွေတစ်သုတ်ပြီးရင် နောက်ထပ်ဒါဇင်များစွာကမ်းပေးနေသည်။အဲဒီအပြုအမူကပဲ ဧကရာဇ်ကို ခါးသက်တဲ့မျက်ရည်တွေပိုကျစေသည်။
ကံကောင်းစွာပဲ လင်းမန့်မန့်ကတစ်ရက်မှာ တစ်ကြိမ် ဒါမှမဟုတ်နှစ်ကြိမ်ပေါ်လာပေးတာတွေအတွက် ဝန်ကြီးချန်းကျဲရဲ့သွေးဆောင်မှုတွေကိုကျေးဇူးတင်ရမည်။အဲဒီလိုအချိန်တွေဆိုရင် လုပ်ငန်းလုပ်ရတာကိုကအကန့်အသတ်မရှိဖြစ်နေလိမ့်မည်။ကိုယ်လုပ်တော်က ဒီလိုသူ့ယောကျ်ားကို'ပြုစုနေခြင်း'က ခနတဖြုတ်ပဲဖြစ်တယ်လို့သိထားကြသည်။ဧကရာဇ်ရဲ့တစ်လတာအရူးအမူးဖြစ်ခြင်းက ပြီးဆုံးတော့မှာမို့ လင်းမန့်မန့်ကအခွင့်အရေးပေးခံရခြင်းကိုပိုများပြားအောင် ကျန်ရှိနေတဲ့အချိန်လေးကိုအသုံးချနေတယ်လို့ သူတို့ကတွေးကြသည်။
သို့ပေမယ့် အဲဒါနဲ့ပြောင်းပြန်ပဲဆိုတာကို လူအနည်းငယ်ကသာသိကြသည်။
အဲဒါကိုအသိဆုံးလူကတော့ လုမောင်းနဲ့အပုပ်မလေးသုံးယောက်ပဲ။သူတို့က လင်းမန့်မန့်နောက်ကနေတစ်ချိန်လုံးလိုက်ခဲ့ကြပြီး သူတို့သခင်ရဲ့တည်ရှိမှုကြောင့်သူတို့လည်းဧကရာဇ်အလုပ်လုပ်တဲ့အဆောင်တော်ဆီဝင်ခွင့်ရကြတာမို့ အဲဒီနှစ်ယောက်ကြားကဆက်ဆံရေးကိုကိုယ်တွေ့မြင်ထားကြသည်။သူတို့ကအရင်ဘဝတုန်းကဧကရာဇ်ကိုမြင်ဖူးခဲ့ကြတာကြောင့် ဒီတစ်ယောက်ကအဲတုန်းကနဲ့အတော်လေးကွာခြားနေတာကိုသူတို့နားလည်ကြသည်-ယန်ကျင်းလုံက လင်းမန့်မန့်ဆီမှာလုံးဝကိုကြွေကျသွားပြီပဲ။
CZYTASZ
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
HistoryczneI don't own this novel,just translation All credits to original author