အစေခံများပြန်လည်မွေးဖွားလာခြင်း
(Unicode)
အစေခံတွေက နောက်ဘဝမတိုင်ခင်အထိ သူတို့ရဲ့သခင်ငယ်လေးလင်းမန့်မန့်နောက်ကိုလိုက်ဖို့ ကတိပြုထားကြသည်။သူတို့ကိုနောက်ထပ်အခွင့်အရေးတစ်ခုသာ ပေးလာခဲ့မယ်ဆိုရင် သူတို့ကဆယ့်သုံးယောက်မြောက်ကိုယ်လုပ်တော်လေးကို နန်းတော်ထဲမှလွတ်မြောက်အောင်ကူညီပေးပြီး သူ့ကိုပျော်ရွှင်တဲ့ဘဝလေးတစ်ခုရဖို့ကူညီပေးလိမ့်မည်။လင်းမန့်မန့်သာပျော်ရွှင်ရမယ်ဆိုရင် အဲဒီတုံးအတဲ့ဧကရာဇ်က သူတို့ကိုဘယ်လိုအပြစ်ပေးမှုကိုပြုလုပ်ပါစေ သူတို့ဂရုမစိုက်ဘူး။သူအန္တရာယ်တွေကနေလွတ်မြောက်ရုံနဲ့ သူတို့ပျော်ရွှင်ရလိမ့်မည်။
(T/N:UwU how cute they are)အဲဒီဆန္ဒတွေက သူတို့ပြန်လည်မွေးဖွားသည်မှစပြီး ပိုမိုခိုင်မာလာခဲ့သည်။
ပြန်လည်မွေးဖွားလာတဲ့ပထမဆုံးတစ်ယောက်က လုမောင်းဖြစ်သည်။သူကအသက်ငါးနှစ်အရွယ်ထဲက လင်းမိသားစုလက်အောက်မှာရှိခဲ့တဲ့ အသက်ကိုးနှစ်အရွယ်ကောင်လေးဖြစ်သည်။စစ်သူကြီးလင်းသေဆုံးပြီးနောက် သူကလင်းမန့်မန့်နှင့်နန်းတော်ထဲလိုက်ပါလာခဲ့သည်။
လုမောင်းကသူ့ရဲ့သခင်(လင်းမန့်မန့်)ကို အရမ်းလေးစားသည်။လင်းမန့်မန့်က သူ့ကိုသားတစ်ယောက်လိုမျိုးဂရုစိုက်သည်။ထမင်းကိုလည်းအတူစားစေပြီး သူရေချိုးရာတွင်လည်းကူညီပေးသည်။လုမောင်းက အရမ်းငယ်ပြီး လင်းမန့်မန့်ကလည်း သူ့အနားမှာကလေးလေးများရှိသည်ကို အရမ်းနှစ်သက်သည်။သူက သူ့သခင်ကိုအရမ်းသဘောကျတဲ့အတွက် သူ့သခင်လက်ထက်ပြီးကလေးတွေရတဲ့အထိ ကာကွယ်ပေးမည်ဟု ကတိပြုခဲ့သည်။သူကလင်းမန့်မန့်သူ့ကိုဂရုစိုက်တဲ့အတိုင်း အခြားသူများကိုဂရုစိုက်ပေးလိမ့်မည်။
သူတစ်ခါမှ လင်းမန့်မန့်ကိုယ့်ကိုကိုယ်သတ်သေသွားမည်ကို မတွေးဖူးခဲ့ပေ။
လင်းမန့်မန့်ရဲ့အနီးကပ်ဆုံးလူယုံအနေနဲ့ သူကသူ့သခင်ရဲ့ အိမ်မက်ကို သိပေသည်။သူကအားနည်းကောင်းနည်းလိမ့်မယ်..ဒါပေမယ့် လင်းမန့်မန့်ကစစ်တပ်ထဲကို ဝင်ချင်တာဖြစ်သည်။သူသာယောကျ်ားတစ်ယောက်အဖြစ်မွေးဖွားလာပြီး ကျိုးကြေလွယ်ပြီးအားနည်းတဲ့ခန္တာကိုယ်သာမရှိဘူးဆိုလျှင် သူစစ်တပ်ထဲကိုဝင်လိမ့်မည်ဖြစ်သည်။ပြီးတော့သူကကမ္ဘာအနှံ့ခရီးထွက်ပြီး လူတွေအများကြီးနဲ့ဆုံတွေ့ချင်သည်..သူချစ်တဲ့သူနဲ့လက်ထပ်ပြီးကလေးတစ်ယောက်လိုချင်သည်။လုမောင်းက ကလေးနာမည်များကိုတောင် ကူရွေးပေးခဲ့သည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author