(Unicode)
အခြားသူရဲ့နေရာမှာဝင်ခံစားကြည့်ခြင်း
ဒီနေရာမှာ အထင်လွဲမှုတစ်ခုကတော့ ရှိနေနိုင်ခဲ့သည်။
အစတုန်းကတော့ လင်းမန့်မန့်က မူလကိုယ်ရဲ့မှတ်ဥာဏ်တွေနောက်သာ လိုက်နေခဲ့သည်။အတွေးတွေနဲ့အပြုအမူတစ်ခုချင်းစီက မူလကိုယ်ရဲ့သေဆုံးတဲ့အတိတ်ဖြစ်ရပ်ဆီကနေသာ ယူထားတာဖြစ်သည်။နောက်ငါးနှစ်မှာဖြစ်လာမယ့် သူ့ရဲ့သေဆုံးခြင်းကနေရှောင်ရှားဖို့ တတ်နိုင်သမျှတိတ်တဆိတ်နေဖို့နဲ့ ဆန့်ကျင့်ဖက်တွေကိုသာ ပြုလုပ်ဖို့ သူကတိပြုထားသည်။ဒီလိုနည်းနဲ့ပဲ မူလဝိညာဥ်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ပြီး အခုသူ့ကိုပေးထားတဲ့အသက်ကို ပိုပြီးရှည်ရှည်နေနိုင်လိမ့်မည်။
လင်းမန့်မန့်က မူလကိုယ်သေဆုံးရတဲ့အရှုပ်အထွေးတွေရဲ့သဲလွန်စအချက်အလက်တွေကို တွေ့ခဲ့သည်။
ပထမတစ်ချက် : စစ်သူကြီးလင်းရဲ့သေဆုံးမှု။
စစ်သူကြီးလင်းသာ မသေဆုံးခဲ့ဘူးဆိုရင် လင်းမန့်မန့်က ယန်ကျင်းလုံနဲ့လက်ထပ်ရမယ်ဆိုတဲ့သေတမ်းစာက အတည်ဖြစ်သွားမှာ မဟုတ်ဘူး။သို့ပေမယ့် စစ်သူကြီးလင်းရဲ့သေဆုံးမှုက မလွှဲမရှောင်သာဖြစ်သွားရပြီး အဲဒါက လင်းမန့်မန့်နောက်ပိုင်းခံစားရမယ့် ဖြစ်ရပ်တွေအတွက် ကြီးမားတဲ့နေရာကနေပါဝင်နေခဲ့တယ်။သူ့သေတမ်းစာထဲမှာသာ လက်ထပ်ရမယ်ဆိုတဲ့အချက်မထည့်ခဲ့ဘူးဆိုရင် လင်းမန့်မန့်က နန်းတော်အရှုပ်အထွေးတွေရဲ့အဝေးမှာ ရိုးရှင်းပြီးလွတ်လပ်တဲ့ဘဝလေးနဲ့နေနိုင်လိမ့်မယ်။စစ်သူကြီးလင်းက သူ့သားလေးကို ဧကရာဇ်နဲ့လက်ထပ်စေဖို့ရာ ဘာလို့ရုတ်တရက်ဆန္ဒရှိသွားသလဲဆိုတာ လင်းမန့်မန့်မသိဘူး။မှတ်ဥာဏ်တွေအားလုံးကိုရှင်းရှင်းလင်းလင်းရထားပေမယ့် မူလလင်းမန့်မန့်က သူ့အဖေနဲ့တကယ်ပဲ မရင်းနှီးဘူး။ဟုတ်ပါတယ် လင်းမန့်မန့်က သူ့ဖခင်ကိုအရမ်းချစ်တာ ဒါပေမယ့် သူတို့အတူရှိနေတဲ့အချိန်က တော်တော်လေးအကန့်အသတ်ရှိတယ်။လင်းမန့်မန့်က စာသင်နေရတာနဲ့အလုပ်ရှုပ်နေပြီး စစ်သူကြီးလင်းကတော့ စစ်မြေပြင်မှာ စစ်သည်တွေကို လေ့ကျင့်ပေးရင်းနဲ့သာရှိနေတတ်တယ်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author