(Unicode)
သကြားလုံးလေးတစ်လုံးလိုချိုမြန်ပြီး ရှာလကာရည်လိုမျိုးချဥ်စူးစူး
သူတို့ချစ်စရာကောင်းလောက်အောင်*အဟမ်း*တစ်ယောက်နဲ့တစ်ယောက် ကတိတွေပေးထားပေမယ့် လင်းမန့်မန့်ဧကရာဇ်ဆီကို သွားမလည်ရောက်နိုင်တဲ့အကြောင်းအရင်းကတော့ သူရုတ်တရက်ဖျားသွားလို့ပဲ။ဒါကဟန်ဆောင်တာမဟုတ်ဘဲ တကယ်ကိုဖျားတာပါ ငါ့လူတို့။လင်းမန့်မန့်တရားဝင်ကိုဖျားသွားပြီ!
ပုံရိပ်နှစ်ခုက သူ့ခြံဝန်းထဲကနေထွက်သွားပြီး နာရီအနည်းငယ်ကြာတော့ လင်းမန့်မန့်သူလုပ်နေကျ ဟင်းချက်ရှိုးလေးတစ်ခုလုပ်ဖို့လုပ်လိုက်သည်။အဲဒါက ဧကရာဇ်အတွက်'နေ့လည်စာထမင်းဗူး'လို့ပြောရမယ့်အရာကိုပြင်ဆင်ပေးဖို့နဲ့ အစေခံလေးတွေကိုသူ့စားစရာတွေကျွေးဖို့ဖြစ်သည်။ခေတ်သစ်မှာ ထမင်းကြော်လို့ခေါ်တဲ့အရာဘယ်လိုချက်ရတယ်ဆိုတာကို သူသရုပ်ပြနေရင်း မြင်ကွင်းတွေရုတ်တရက်ဝေဝါးသွားသည်။လင်းမန့်မန့်အနားမှာရှိနေတဲ့စားပွဲကိုအမြန်မှီလိုက်ရပြီး ရုတ်တရက်ဖြစ်လာတဲ့အော့အန်ချင်စိတ်ကြီးကိုထိန်းနေရသည်။
လုမောင်းကသူ့သခင်ငယ်လေး မတ်တပ်ရပ်ဖို့ကူညီပေးဖို့ရာ အမြန်ထလာသည်။အစေခံလေးတွေက ရေတစ်ဖန်ခွက်နဲ့ လင်းမန့်မန့်ပိုပြီးသက်သာလာစေဖို့ အနံ့ရှိတဲ့ဆေးပင်တစ်ချို့ကိုလည်းယူလာကြသည်။ရုတ်တရက်ဖျားတာ၊ရုတ်တရက်အအေးမိတာလိုမျိုးအဖြစ်အပျက်က ဒီပြန်လည်မွေးဖွားလာတဲ့အစေခံလေးတွေက အလွန်ကိုရင်းနှီးပြီးသားပင်။လင်းမန့်မန့်က ကျိုးကြေလွယ်တဲ့ခန္တာကိုယ်ရှိပြီး သူဘက်တီးရီးယားပိုးမွှားတွေကိုခန္တာကိုယ်ထဲရှုရှိုက်မိတဲ့အချိန်တွေမှာ တစ်ပါတ်ကိုတစ်ကြိမ် ဒါမှမဟုတ်နှစ်ကြိမ်လောက်အအေးမိတတ်သည်။
အဒါကြောင့် ဒီလိုဖြစ်ပျက်လာရင် သူတို့မှာလိုအပ်တဲ့ပစ္စည်းတွေအကုန်ရှိနေသည်။သူတို့တော်ဝင်သမားတော်ကိုခေါ်လို့ရနိုင်တယ်ဆိုပေမယ့် သမားတော်ကလင်းမန့်မန့်ရဲ့ကျူးရှအမှတ်ပြောင်းလဲမှုကို သတိပြုမိသွားနိုင်သည်ကိုသူတို့စိုးရိမ်သည်။ပြီးတော့ ဆေးပညာကျွမ်းကျင်တဲ့သူတစ်ယောက်က သွေးကြောစမ်းကြည့်ရုံနဲ့တင် ခန္တာကိုယ်ရဲ့ပြောင်းလဲမှုတွေကို ဖော်ထုတ်နိုင်သည်လေ။သမားတော်တွေအကုန်လုံးက လုပ်နိုင်တာမျိုးတော့မဟုတ်ပေမယ့် သူတို့သခင်ငယ်လေးကိုဖော်ထုတ်မိနိုင်တဲ့အခွင့်အရေးတွေကို သူတို့လုပ်မှာမဟုတ်ပေ။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author