(Unicode)
ဝမ်းတွင်းမည်းလေး
လင်းမန့်မန့်(Part-02)
ပြီးခဲ့တဲ့ လက်ဖက်စိမ်းမတွေကို ဇာတ်လမ်းဆင်ခဲ့တာကိုပြန်ကြည့်ရရင်............"မဟုတ်ဘူး...ကျွန်တော်သွားကိုသွားသင့်တယ်!" လင်းမန့်မန့်,ဆယ့်သုံးယောက်မြောက်ကိုယ်လုပ်တော်လေးက စိတ်ဆုံးဖြတ်ပြီးတဲ့ပုံစံကိုပြလိုက်သည်။သူ့ရဲ့မျက်လုံးတွေက စကြာဝဠာထဲက ကြယ်တွေလိုမျိုးတဖျတ်ဖျတ်လင်းလက်နေပြီး သူ့ကိုချစ်တယ်လို့ပြောခဲ့တဲ့သေချာပေါက်အဲဒီ(အကျင့်မကောင်းတဲ့)ယောကျ်ားအပေါ်မှာ မဆုံးနိုင်တဲ့အချစ်တွေကိုပြသနေသည်။နောက်ခံအသံက'ဒွန်း-ဒွန်း-ဒွန်း-ဒွန်းးးးးးးးးး'ဆိုပြီး ကင်မရာက အလှလေးရဲ့မျက်နှာပေါ်ကိုချိန်ထားသည်။
"ရပ်!" ကင်မရာက နေရာပြောင်းသွားပြန်သည်!အခုအဲဒါက ပင်ပန်းနေပုံရတဲ့အမျိုးသမီးရဲ့မျက်နှာကို ချိန်ထားသည်။သူမကိုလှတယ်လို့ပြောလို့ရပေမယ့် ဝမ်းနည်းမှုနဲ့အကြံအစည်တွေဆယ်ကီလိုလောက်ပါတဲ့ကြီးမားတဲ့အိတ်ကြီးကိုသယ်ဆောင်ထားတာမို့ သူမကအခုအာဟာရမပြည့်ဝတဲ့ပန်ဒါပုံပေါက်နေသည်။သူမမျက်နှာပေါ် ကင်မရာပိုကပ်ပြီးချိန်ထားနေ......ဒါကဘာလဲ?ဝက်ခြံ?!
"ဒီမှာဘာတွေဖြစ်နေတာလဲ?"
ဘန်း!နောက်ထပ်ဇာတ်ကောင်တစ်ယောက်ပေါ်လာသည်။လေထုထဲက တုံ့ဆိုင်းနေမှုကနေ သည်းထိတ်ရင်ဖိုနောက်ခံအသံပြောင်းသွားပြီး ကြည့်ရှုသူတွေကို ထောင့်ကနေလာနေတဲ့လူဆီကို အပြေးအလွှားကြည့်မိသွားစေသည်။သူက တော်ဝင်နန်းတော်တံဆိပ်ပါတဲ့ အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။သူ့ကို စင်ဂယ်လ်(single dog)တစ်ယောက်ဖြစ်ပြီးအမြဲတမ်းခါးသက်(မပျော်ရွှင်၊ဒေါသထွက်)နေတဲ့ဝန်ကြီးချန်းကျဲဆိုပြီးသိကြသည်။ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ထူးချွန်တဲ့နောက်ခံရှိတဲ့လူတစ်ယောက်ဖြစ်တဲ့သူကဘာ့ကြောင့်စင်ဂယ်လ်ဖြစ်နေရတာလဲ?
(Single dog,single dog,single all the day..သစ်တော်သီချင်းဆိုတာပါနော်555)ဒီဇာတ်ဝင်ခန်းကဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကြည့်လိုက်ကြစို့..မင်းရဲ့ချန်နယ်လိုင်းတွေကိုလည်းပြောင်းမပစ်နဲ့ ပြီးရင် သေးပေါက်ချင်တာကိုလည်းအောင့်ထားလိုက်အုံး!
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author