(Unicode)
အခွင့်အရေးပေးခံရဆုံးကိုယ်လုပ်တော်
ယင်မိန်မိန်က အခွင့်အရေးအပေးခံရဆုံးကိုယ်လုပ်တော်ဖြစ်သည်။ကိုယ်လုပ်တော်ဆယ့်နှစ်ယောက်ထဲမှာမှ ယင်မိန်မိန်က မင်းသားနှစ်ပါးမွေးဖွားထားပြီး နှစ်ယောက်လုံးက အရွယ်ရောက်နေပြီဖြစ်သည်။တတိယမြောက်ကလေးကတော့ အသက်ငါးနှစ်ရှိပြီဖြစ်တဲ့မင်းသမီးတစ်ပါးဖြစ်သည်။ဒါပေမယ့်သူမက ရှိသမျှမင်းသမီးငါးယောက်ထဲမှာ အလှဆုံးနဲ့အတောက်ပဆုံးလို့ပြောလို့ရသည်။
အချက်အလက်တွေအရကတော့ ဧကရာဇ်ရဲ့မယ်တော်ကြီးပြီးရင် ယင်မိန်မိန်ကိုအမြင့်ဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ထားကြသည်။အဲဒါကြောင့် မောင်းမဆောင်ကအခြားအမျိုးသမီးတွေက သူမကိုရိုရိုသေသေဆက်ဆံကြပြီး ရန်သူမဖြစ်ချင်ကြပေ။ပြီးတော့ နောက်ပိုင်းမှာဧကရီဖြစ်လာပြီး အာဏာအမြင့်ဆုံးဖြစ်လာမည့်သူကိုဘယ်သူကမှ
မဆန့်ကျင်ချင်ကြဘူးလေ။သူမ ဧကရီအဖြစ်ရာထူးတိုးမည့်အကြောင်းကတော့ အခုထိမသိနိုင်သေးပေမယ့် သူမရဲ့ရာထူးအကြောင်းကောလဟာလတွေကတော့ အများကြီးပျံ့နှံ့နေသည်။ကောလဟာလကတွေကတော့ များပြားလှသည်။ဧကရာဇ်က သူမကိုဧကရီအဖြစ်မကြေညာခင် သူမရဲ့အကြီးဆုံးသားအရွယ်ရောက်လာတာကိုစောင့်နေတာလို့လဲ ပြောကြသည်။ဒါမှမဟုတ်ရင်လဲ ဧကရာဇ်က ခုံရုံးရဲ့ အဆုံးအဖြတ်ကိုစောင့်နေတာလို့လဲပြောကြသည်။ဧကရာဇ်က ယင်မိန်မိန်ကိုဧကရီအဖြစ်သတ်မှတ်ပြီးပေမယ့် သူမရဲ့လုံခြုံရေးအတွက် သတင်းဖုံးထားတာဆိုသည့် ဇာတ်လမ်းတစ်ခုလဲ ရှိသေးသည်။
အဲဒါတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အလှလေးများနဲ့အလုပ်ရှုပ်နေတဲ့စားဘဲကြီးကတော့ ကောလဟာလတွေကိုမငြင်းခဲ့ပေ။အကျော်ကြားဆုံးဖြစ်ပြီးလေးစားရတဲ့ဝန်ကြီးချန်းကလည်း ကောလဟာလတွေကိုရှင်းလင်းခြင်းမပြုတာကြောင့် ချဲ့ကားသထက်ချဲ့ကားပြီးပြောဆိုလာကြသည်။အဲဒီခေါင်းစဥ်က လမ်းပေါ်မှာအတင်းအဖျင်းတွေပြောတဲ့သူတွေရဲ့ ပုံမှန်အဖွင့်စကားဖြစ်လာသည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author