(Unicode)
လင်းမန့်မန့်က ကစားပွဲမှာရှုံးနိမ့်သွားတယ်
လင်းခြံဝန်းမှာ လူတစ်ဦးကပျော့ပျောင်းတဲ့ခုံပေါ် လဲလျောင်းရင်း အေးအေးဆေးဆေးစာအုပ်တစ်အုပ်ဖတ်နေသည်။သူ့ခန္တာကိုယ်တစ်ခုလုံးကနေ လူတိုင်းကိုတောင်လှဲချပြီးအိပ်ချင်သွားစေနိုင်တဲ့ နွေးထွေးတဲ့ပျင်းရိမှုလေးကို လွှင့်ထုတ်နေသည်။သို့ပေမယ့် ဘယ်သူကမှမျက်လုံးတွေပိတ်ချင်မှာမဟုတ်ဘူး။ဒီလူသားက သူတို့အိမ်မက်တွေထက်တောင်ပိုလှနေတာလေ။
ကလေးတွေရဲ့ကျယ်လောင်တဲ့အသံတွေက ဆိတ်ငြိမ်နေတာကို ဖြိုခွင်းလာတဲ့အချိန်မှာ လင်းမန့်မန့်ပုံမှန်အတိုင်းပဲစာရွက်တစ်ရွက်ကိုလှန်လိုက်သည်။လုမောင်းနဲ့ဖုရှင်းရဲ့ပုံရိပ်လေးတွေက မြင်ကွင်းထဲမှာပေါ်လာပြီး သူတို့နှစ်ဦးလုံးရဲ့မျက်နှာက ရှုပ်ထွေးနေသည်။အစောင့်ရဲမက်ငယ်လေးဖုရှင်းက ချွေးတွေနဲ့ရေချိုးထားသလိုတောင်ဖြစ်နေပြီး လုမောင်းကတော့သပ်ရပ်နေသေးပေမယ့် သူ့ရဲ့ရှုပ်ထွေးနေတဲ့ဆံပင်လေးတွေက သူ့ရဲ့စိတ်ခံစားချက်ကိုဖော်ပြနေသည်။လင်းမန့်မန့်က သူတို့ရဲ့အမူအယာကိုကြည့်ဖို့မော့မလာပေ။ဒီကလေးတွေသူ့ဆီကိုဒီလိုရောက်လာတာဆိုတော့ တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။
"ဘာဖြစ်လာတာလဲ?"လင်းမန့်မန့်ကမေးလိုက်ပေမယ့် သူ့အကြည့်ကသူဖတ်နေတဲ့စာအုပ်ပေါ်မှာပဲရှိသေးသည်။
"ဧကရာဇ်က စာတစ်စောင်ပို့လာတယ်။သခင်လေးလင်း..ဒါကိုဖတ်မှရမယ်"လုမောင်းက တွန့်ကြေနေတဲ့စာရွက်တစ်ရွက်ကိုအမြန်ကမ်းပေးလာသည်။
ကြည့်ရတာကတော့ စာရွက်ကတွန့်ကြေနေတာက လုမောင်းရဲ့စိတ်ပူမှုကြောင့်ဖြစ်လာတာပဲ။လင်းမန့်မန့်က သူ့လက်ထောက်မိန်းမစိုးလေးကို သူ့စာတွေကိုဖတ်ဖို့ခွင့်ပြုထားသည်လေ။ဘယ်လိုပဲဖြစ်ဖြစ် ဒီပြန်လည်မွေးဖွားလာတဲ့အဖွဲ့ဆီကနေ ဘာလျှို့ဝှက်ချက်တွေများဖုံးကွယ်ထားလို့ရမှာတဲ့လဲ။
![](https://img.wattpad.com/cover/291723220-288-k11825.jpg)
ESTÁS LEYENDO
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Ficción históricaI don't own this novel,just translation All credits to original author