(Unicode)
အကြံကောင်းလေး ပြောင်းပြန်ဖြစ်သွားပြီ
ဧကရာဇ်ယန်ကျင်းလုံက မူလလင်းမန့်မန့်ကို နှစ်ခါသာတွေ့ဖူးသည်။ပထမအကြိမ်တုန်းက စစ်သူကြီးလင်းက လင်းမန့်မန့်ရဲ့အရွယ်ရောက်လာတဲ့အခမ်းအနားကိုကျင်းပရန် နန်းတော်ထဲကိုခေါ်လာတုန်းကဖြစ်သည်။ယန်ကျင်းလုံက အဲဒီအချိန်တုံးက အိမ်ရှေ့စံမင်းသားဖြစ်ပြီး အရင်ဧကရာဇ်ပေးအပ်တဲ့တာဝန်များကို ထမ်းဆောင်နေစဥ်ဖြစ်သည်။ဆယ်ကျော်သက်လေးနှစ်ဦးဟာ ဖြတ်သွားစဥ်တွေ့မိတာမို့ နှုတ်ဆက်ပြီးကိုယ့်လမ်းကိုယ်သွားခဲ့ကြသည်။အဲတာက တိုတောင်းပြီးမဆိုသလောက်အချိန်လေးမို့ စကားထဲထည့်ပြောဖို့ရာတောင် မလိုပေ။ဒုတိယအကြိမ်ကတော့ မကြာသေးခင်က သူတို့ရဲ့မင်္ဂလာဆောင်နေ့မှာဖြစ်သည်။စစ်သူကြီးလင်းသေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေတုန်း လင်းမန့်မန့်ဟာနန်းတော်ထဲကိုချက်ချင်းခေါ်ဆောင်ခံလိုက်ရသည်။ဧကရာဇ်က သူ့ကိုလာမတွေ့ခဲ့ပေ။အဲဒီအစား သူအနားယူပြီးနေဖို့ရန်အခန်းတစ်ခန်းသာပေးခဲ့သည်။အဲလိုလုပ်တာက ပုံမှန်ကြိုဆိုမှုမျိုးမဟုတ်ပေ၊ ပြီးတော့ နောက်တစ်ရက်မှာပဲ မင်္ဂလာပွဲကို ကျင်းပခဲ့တာဖြစ်သည်။ဧကရာဇ်က အခမ်းအနားမတိုင်ခင်အထိ လင်းမန့်မန့်ကိုလာမကြည့်ခဲ့ပေ။
ပြောရမယ်ဆိုရင် ဧကရာဇ်ယန်ကျင်းလုံက လင်းမန့်မန့်ဘယ်လိုလူမျိုးဖြစ်သည်ကို မသိပေ။ဒါကြောင့်ပဲ လင်းမန့်မန့်က သူ့ရဲ့အားနည်းနေတဲ့ပုံကို တဖြည်းဖြည်းချင်းပြောင်းလဲသွားမည်ဖြစ်သည်။
ဆည်းဆာချိန်ရောက်လာပြီဖြစ်သည်။ဖယောင်းတိုင်များကို ထွန်းညှိလိုက်ကြသည်။ကောင်းကင်ကလည်း တောက်ပတဲ့လိေမ္မာ်ရောင်ကနေ လှပသည့်အပြာရောင်ကိုပြောင်းသွားပြီ။ကောင်းကင်က တာဝန်ချိန်ချိန်းသွားပြီမို့ တိရစ္ဆာန်လေးများကလည်း ဇီဝနာရီအတိုင်းပြုမူကြပြီ၊နေ့ဖက်တွင်သာ အိပ်လေ့ရှိသည့်အကောင်လေးများကလည်း သူများတွေအိပ်ဖို့လုပ်သည့်အချိန်မှာ နိုးလာကြပြီဖြစ်သည်။
YOU ARE READING
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Historical FictionI don't own this novel,just translation All credits to original author