(Unicode)
မင်းရဲ့အရောင်အစစ်အမှန်တွေကိုပြလိုက်
လင်းမန့်မန့်က အိပ်ရာပေါ်ကိုနောက်တစ်ကြိမ်ပစ်ချခံလိုက်ရပြန်သည်။
ပြီးတော့ အမွှေးထူယုန်လေးလိုမျိုး လင်းမန့်မန့်က ဧကရာဇ်ရဲ့အလွန်နူးညံ့လှတဲ့အိပ်ရာပေါ်ကိုအသာအယာကျသွားပြီးခုန်သွားကာ အနည်းဆုံးတော့ နာကျင်မှုမရှိပေ။အမွှေးထူယုန်လေးက အိပ်ရာပေါ်ကိုဂုန်နီအိတ်တစ်လုံးလိုမျိုးပစ်ချခံလိုက်ရတာမို့အံ့အားသင့်သွားရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုနားလည်ဖို့အချိန်ယူလိုက်ရသည်။သူ့အတွေးတွေက လက်ရှိအဖြစ်အပျက်တွေနောက်လိုက်မှီသွားတဲ့အချိန်မှာတော့ ဝံပုလွေကြီးကသူ့အပေါ်ကနေအုပ်မိုးထားလေပြီ။
စစ်သူကြီးခုံးဝမ်ကိုမနာလိုအောင်လုပ်မယ့်ယန်ကျင်းလုံရဲ့အစီအစဥ်ကလဲ ပြောင်းပြန်ဖြစ်သွားရသည်လေ။ဒီလိုမြင်ကွင်းမျိုးဖြစ်အောင်ဦးဆောင်မယ့်သူကလည်း လင်းမန့်မန့်ဖြစ်လိမ့်မယ်ဆိုတာကိုသူမထင်ထားမိခဲ့ဘူး။အဆုံးမှာတော့ သတ္တိတွေအရမ်းရှိနေတဲ့သူမှမဟုတ်ရင် ဧကရာဇ်ကိုဘယ်သူကမှမဆန့်ကျင်နိုင်ဘူးလေ။ဒါ့ကြောင့် ဧကရာဇ်ကိုအခုလိုအဆင်အခြင်မဲ့ပြုမူမိသွားအောင်လှုံ့ဆော်နိုင်လောက်တဲ့အထိ လင်းမန့်မန့်ကသတ္တိတွေရှိနေတာပဲဖြစ်ရမယ်။
ပြီးတော့ ဧကရာဇ်ကလည်းပဲ ဒီနေရာမှာအမှားတစ်ခုလုပ်မိသွားတာပဲ။လင်းမန့်မန့်နဲ့ခုံးဝမ်ရဲ့ဆက်ဆံရေးက ချစ်သူရည်းစားတွေထက် ညီအကိုအရင်းလိုသာဆိုတာကို သူဘယ်တုန်းကမှမသိခဲ့ဘူး။ပြီးတော့ လင်းမန့်မန့်က ခုံးဝမ်ကို'သူငယ်ချင်း'ဆိုတာထက်ပိုပြီးဆက်ဆံပေးတယ်ဆိုပြီးပြောတုန်းကလည်း ခုံးဝမ်ကသူ့အတွက်မိသားစုဝင်တစ်ယောက်လိုပဲလို့ဆိုလိုခဲ့တာပဲဖြစ်သည်။မူလလင်းမန့်မန့်က ခုံးဝမ်ကိုမိသားစုဝင်အကိုကြီးတစ်ယောက်လိုဆက်ဆံခဲ့တာပဲဖြစ်သည်။
ဧကရာဇ်ရဲ့စိတ်ထဲမှာ အလှည့်အပြောင်းတွေအများကြီးနဲ့ပြည့်နေခဲ့ပြီး လင်းမန့်မန့်က ခုံးဝမ်ကိုသူ့ထက်ပိုပြီးအခွင့်အရေးပေးသည်ဆိုတဲ့အတွေးနဲ့သာအဆုံးသတ်သွားခဲ့တာချည်းဖြစ်သည်။အဲဒါကတော့ သူ့(လင်းမန့်မန့်)ကိုသာ လက်ထပ်မယ့်သူကိုရွေးချယ်ဖို့အခွင့်အရေးပေးခဲ့မယ်ဆိုရင် သူကစစ်သူကြီးကိုသာရွေးလိမ့်မယ်ဆိုတာသံသယဖြစ်စရာမရှိပေ။အဲဒါကပဲ ယန်ကျင်းလုံရုတ်တရက်စိတ်ဆိုးသွားပြီး သူဟာ'ပြီးပြည့်စုံ'တဲ့လင်ယောကျ်ားဖြစ်သည်ဆိုတာကိုပြသဖို့ သူ့ဇနီးလေးကိုသူ့အသိုက်ထဲပွေ့ချီသွားရတဲ့အကြောင်းပြချက်ဖြစ်သည်။
VOUS LISEZ
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Fiction HistoriqueI don't own this novel,just translation All credits to original author