(Unicode)
ဝမ်းတွင်းမဲလေးလင်းမန့်မန့်(Part-01)
အဲတာကို တိုက်ဆိုင်တာလို့ပြောဖို့ဆိုရင် ထီပေါက်တယ်ဆိုတာကမှပိုစစ်မှန်နိုင်အုံးမယ်!
စောစောကသူ စုတ်စုတ်ပြတ်ပြတ်အရုပ်ကလေးက လုံးဝစိတ်ရှုပ်နေတဲ့ပုံစံလေးနဲ့သူ့နေရာမှာ လှည့်ပတ်သွားနေတာကိုတွေ့လိုက်သည်။အဲဒီပါးစပ်ဆိုးဆိုးနဲ့ကိုယ်လုပ်တော်က စာသင်သားလေးကိုရိုက်ဖို့လုပ်ချိန်မှာ လင်းမန့်မန့်မတတ်နိုင်ဘဲဒေါသထွက်သွားရသည်။စာသင်သားလေးရဲ့တကယ့်အစစ်အမှန်က လင်းမန့်မန့်ရဲ့သစ္စာရှိလူယုံဖြစ်သည်ဆိုတဲ့အချက်ကို ဖယ်ထားရင်တောင် လင်းမန့်မန့်ကသူ့ဖက်ကနေပြောပေးပြီး တစ်ကယ်ဂရုစိုက်ပေးလိမ့်မယ်။
အာာ...သူမက ဒီကလေးလေးကို ဘယ်လိုတောင်နာကျင်အောင်လုပ်ရက်ပါလိမ့်!လီဟွေးက ရိုးသားတဲ့ကလေးတစ်ဦးဖြစ်သည်။သူကထက်မြက်ပြီး လုံ့လလည်းရှိတယ်။သူ့ရဲ့အရည်အချင်းတွေနဲ့ ဒီကောင်လေးက ချစ်စရာ၊နှစ်သက်စရာကောင်းတယ်။ဒီညစ်ပတ်တဲ့မိန်းမက ဒီချစ်စရာလေးကို ဘယ်လိုတောင်ရိုက်နိုင်ရတာလဲ!
မင်းတို့မိသားစုကိုပဲ ကျိန်ဆဲနေလိုက်!
သူ့အစေခံငယ်လေးတွေဆီမှာသာ ဒီလိုတူညီတဲ့အဖြစ်အပျက်မျိုးဖြစ်ခဲ့မယ်ဆိုရင် လင်းမန့်မန့်သေချာပေါက် ဒေါသတကြီးနဲ့အနားမှာရှိတဲ့အရာတွေအကုန်လုံးကို ဖျက်စီးပစ်မိလိမ့်မယ်။သူ့ခန္တာကိုယ်က ယောကျ်ားသားတစ်ယောက်ထက်အားနည်းကောင်းအားနည်းနေနိုင်ပေမယ့် သူကယောကျ်ားတစ်ယောက်ဖြစ်နေဆဲဆိုတဲ့အချက်ကို ဘယ်သူမဖျက်ပစ်နိုင်ဘူး။သူ့ခွန်အားက မိန်းမတစ်ယောက်ထက်တော့သန်မာနေပြီး အဲဒါကဘယ်သူ့ကိုမဆို ပါးကိုအချက်ရေရာပေါင်းစွာ ရိုက်နိုင်ဖို့လုံလောက်သေးတယ်!
သူအဲဒီမိန်းမကိုချန်ခဲ့ပြီးနောက်မှာတော့ ကိစ္စတွေကအဆင်ပြေသွားလိမ့်မယ်လို့တွေးမိသည်။ဒါပေမယ့်..သူခြေလှမ်းပေါင်းရာချီလောက်ပဲလျှောက်ရသေးတယ် နောက်ထပ်ကိုယ်လုပ်တော်တစ်ယောက် ပေါ်လာပြန်ပြီ!ဒါကဘာတုန်း? Pokémon gameလားဒါမှမဟုတ်တစ်ခုခုပဲလား?ဘာလို့ သူသွားတဲ့နေရာတိုင်းအဲလိုဖြစ်နေတာတုန်း၊ရန်သူတစ်ယောက်ပြီးရင် နောက်တစ်ယောက်ပေါ်လာသလိုမျိုးလား?
ESTÁS LEYENDO
ထွက်ပြေးမနေပါနဲ့တော့ ဇနီးလေးရေ(Translation)
Ficción históricaI don't own this novel,just translation All credits to original author