Unicode
နေအလင်းရောင်က စူးရှစွာ မျက်နာကိုလာထိုးနေသဖြင့် ဟယ်ရီ လေးလံနေသော မျက်ခွံတို့ကို အားယူကာ ဖွင့်လိုက်၏။
"ငါ ဘယ်ကိုရောက်နေတာလဲ.."
အရာအားလုံးဟာ မှုန်ဝါးနေသဖြင့် ဟယ်ရီ အမြန်ပဲထထိုင်လိုက်ပြီး ဘေးတွင်ရှိနေသော မျက်မှန်အဝိုင်းလေးကို ယူကာတပ်လိုက်၏။
အခုမှပဲ သေချာမြင်ရတော့သည်...။
"ဟင်..ဒါဘယ်နေရာကြီးလဲ.."
အခန်းသည် သူ့အခန်းနှင့်မတူ ရှင်းလင်းသပ်ရပ်နေကာ အပြင်အဆင်များသည်လည်း သူ့အခန်းနှင့် လုံးဝမတူပေ...။
"ဘာဖြစ်သွားတာလဲ..ငါသေချာပေါက် အချိန်ယန္တရားကို နောက်ပြန်လှည့်ခဲ့တာပဲလေ.."
ဟယ်ရီ တစ်ယောက် စိတ်ရှုပ်ထွေးလို့လာပြီ...။
လုံးဝမရင်းနှီးတဲ့နေရာတစ်ခုကို သူဘာလို့ရောက်လာရတာလဲ...။
"တင်း တောင် ~~"
"ဟင်"
ရုတ်တရက်မြည်လာတဲ့ ဘဲလ်သံကြောင့် ဟယ်ရီ ဘာလုပ်ရမလဲမသိ ဖြစ်သွားသည်။
ဟယ်ရီ တံခါးကိုဖြည်းဖြည်းခြင်း ဖွင့်လိုက်ပြီး တံခါးကြားထဲကနေ ချောင်းကြည့်လိုက်၏။
သူမြင်လိုက်ရသည်ကတော့ T shirt ခဲရောင် ဂျင်းဘောင်းဘီ အနက်ရောင်လေးနဲ့ ငွေရောင်ဆံနွယ်တို့ကလည်း နဖူးထက်မှာဝဲကျနေသည်။
မျက်ဝန်းအစုံတော့ကလည်း ပင်လယ်ပြာကြီးလို...
သေချာနေပါပြီ...။
"ဒ..ဒရေကို.."
ဒရေကိုသည် တံခါးကိုဆွဲဖွင့်ပြီး အိပ်ယာပေါ်မှာ သွားထိုင်နေလေသည်။
"ငါမင်းအတွက် မုန့်တွေဝယ်လာတယ်..အသားညှပ်ပေါင်မုန့်ကော..soda လဲဝယ်လာတယ်..ရော့.."
soda ဘူးကို ကမ်းပေးနေသော ဒရေကိုကိုကြည့်ပြီး သူ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
နေပါအုံး..ဒါဘာတွေဖြစ်နေတာလဲ!!
"ဒရေကို..မလား.."
"ပေါ်တာ..မင်းကိုယ့်သူငယ်ချင်းကိုတောင် မေ့သွားတာလား.."
ဟယ်ရီ နားမလည်သလိုဖြင့် ခေါင်းကုပ်လိုက်ပြီး..
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤