Ep (2) ❤

1.4K 180 13
                                    

Unicode

ကားတစ်လျှောက်လုံး တိတ်ဆိတ်စွာလိုက်ပါလာတဲ့ ဟယ်ရီကြောင့် ဒရေကိုစိတ်ထဲဘဝင်မကျဖြစ်နေမိသည်။

အရင်တုန်းက သူ့ရဲ့သူငယ်ချင်းသည် ဒီလိုပုံစံမဟုတ်...။

15 မိနစ်လောက် ကားမောင်းပြီးတဲ့ နောက်မှာတော့ သူတို့အဖြူရောင်စံအိမ်ကြီးကို ရောက်ရှိလို့လာသည်။

စံအိမ်ကြီးသည် ခမ်းနားလှပြီး ရေပန်းကလေးများနှင့် လွန်စွာ တင့်တယ်လှ၏။

ဟယ်ရီ စံအိမ်ကြီးရဲ့အလှကို ငေးမောစွာကြည့်နေမိသည်။

"ပေါ်တာ! ကိုယ့်အိမ်ကို ဘာတွေအဲ့လောက်အံ့သြနေတာလဲ.."

"ဟမ်..ဘာမှမဟုတ်ပါဘူး.."

ဟယ်ရီတို့ စံအိမ်ထဲကို တဖြည်းဖြည်းနဲ့ ဝင်လာခဲ့ကြသည်။

စံအိမ်ရဲ့အဝင်ဝမှာတင် အပြေးလာကြိုသော ဟယ်ရီရဲ့မိခင်လီလီ...။

"သားလေး သတိရနေတာ အခုမှပဲ အိမ်ကိုပြန်လာတော့တယ်နော်.."

အမေသည် အခုသူ့ရှေ့မှာရပ်နေသည်ကို ဟယ်ရီ အခုချိန်ထိမယုံနိုင်သေး...။

ဟယ်ရီ မိခင်ရဲ့ရင်ခွင်ထဲကိုဝင်ကာ ကလေးငယ်တစ်ယောက်လို ရှိုက်ငိုနေမိ၏။

"သားရယ်..ဘာဖြစ်လာလို့လဲ.."

ဘာမှမဖြေတဲ့ သားဖြစ်သူကြောင့် လီလီ စိတ်ပူလာလေ၏။

"ဒရေကို..မင်းဟယ်ရီကိုဘာလုပ်လိုက်သေးလဲ.."

လီလီရဲ့ မျက်စောင်းသည် သူ့ထံသို့ကျရောက်လာတာကြောင့် ဒရေကို အမြန်ပင်ရှင်းပြရ၏။

"ကျွန်တော် ဘာမှမလုပ်ပါဘူး..အန်တီ..သူ့ဘာသူအဲ့လိုဖြစ်နေတာ.."

"ဟုတ်လို့လား.."

"အမေ့ကိုလွမ်းနေတာ.."

"သားရယ် လွမ်းနေတယ်ဆိုလဲ အိမ်ပြန်လာပေါ့..အမေကမျှော်နေတာ.."

"ကဲ ငါ့သားလေးကို အိမ်ထဲခေါ်ဖို့တောင် မေ့နေတာ.."

"လာ..လာ..သား..ဒရေကိုလဲလာ..သားတို့အတွက်မုန့်လုပ်ပေးထားတယ်.."

ဟယ်ရီ အိမ်ကြီးရဲ့အတွင်းပိုင်းကိုလည်း တမေ့တမောကြည့်နေမိသည်...။

BFF OR NOT (Drarry ❤)Where stories live. Discover now