Unicode
ထိုနေရာသည် အလုံပိတ်အခန်းတစ်ခန်းဖြစ်ပြီး အထဲတွင် မီးတောက်များတောက်လောင်နေသည်။ လေးဘက်လေးလံတွင်လည်း မီးခိုးငွေ့များနှင့်ဖြစ်၍ ဟယ်ရီ ဘယ်အရာကိုမှကောင်းကောင်းမမြင်ရပေ။
" မစ္စတာ ဟယ်ရီပေါ်တာ..တွေ့ရတာ ဝမ်းသာပါတယ် "
လူလို့ထင်ရတဲ့ မဲမဲအရိပ်တစ်ခုဆီမှ လာတဲ့ အသံကို ဟယ်ရီအာရုံစိုက်နားထောင်လိုက်သည်။
ထို့နောက် ဟယ်ရီ ဘာကိုမှဂရုမစိုက်တော့ဘဲ ပြတင်းပေါက်ကိုအမြန်လိုက်ရှာကာ ဂျက်ကျနေတဲ့ ပြတင်းပေါက်တစ်ခုကို လက်နှင့်ထုရိုက်ကာ မှန်ကိုခွဲချလိုက်တော့ မြင်လိုက်ရသည်က ရေပြင်ကျယ်ကြီး။
ဒါဆိုဘာလဲ...။ အခုသူ သင်္ဘောတစ်ခုပေါ်ကို ရောက်နေတာလား...။
လက်မှ သွေးများစီးကျလာသော်လည်း နာကျင်မှုကို မခံစားရဘဲ သူငိုင်ငိုင်ကြီးနှင့် ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။
" ကြည့်လို့လှရဲ့လား အဲ့တာမင်းသွားရမဲ့နေရာလေ "
ဟုဆိုလျက် ထိုလူက သူ့ထံသို့တိုးဝင်လာ၍ အရှိန်ကြောင့် သူ ပြတင်းပေါက်ရဲ့တစ်ဖက်သို့ ပြုတ်ကျသွားကာ သင်္ဘောရင်ပြင်ပေါ်ရောက်သွား၏။ထိုလူကလည်း ပြတင်းပေါက်က ခုန်ကျော်ကာ လိုက်လာပြီး သူ့ထံပြေးလာ၍ သူ့ရဲ့လည်ပင်းကိုညှစ်ထားသည်။
သင်္ဘော၏ တန်းများနှင့် နီးကပ်လာသည်နှင့်အမျှ ဟယ်ရီ ပိုပြီးတော့ အသက်ရှူကြပ်လာသည်။
" နှုတ် ဆက် ပါ တယ် မစ္စတာ ဟယ်ရီပေါ်တာ "
.........................❤
ဟယ်ရီ အိပ်ယာကနေ လန့်နိုးလာကာ အမြန်ထထိုင်လိုက်ပြီး ဘေးတွင်တင်ထားသည့် ရေဘူးထဲမှ ရေကို ကမန်းကတမ်းသောက်လိုက်သည်။ နားထင်စပ်မှ ချွေးများစီးကျနေသလို ဝတ်ထားသည့် အင်္ကျီသည်လည်း ချွေးများစိုရွှဲနေပြီ။
အချိန်ကိုကြည့်လိုက်တော့ နှစ်နာရီ တစ်ဆယ့်ငါးမိနစ်။
သူ ဒီရက်ပိုင်း အိမ်မက်ဆိုးတွေကို နေ့တိုင်းလိုလိုကိုမက်နေတာဖြစ်သည်။ တစ်ခါတစ်လေ မက်သည်က မူလဟယ်ရီပေါ်တာ၏ မှတ်ဥာဏ်များလို့ ယူဆရသလို ၊ တစ်ခါတစ်လေ သူ့ရဲ့စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ အမှောင်ဘက်ခြမ်းဖြစ်နိုင်သည်။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤