Ep (18) ❤

645 77 6
                                    

Unicode

ည 10 နာရီလောက်ကစထွက်လာခဲ့သော်လည်း မနက် 4 နာရီလောက်မှသာ ဆေးရုံကိုရောက်သည်။

ဖြူဖပ်ဖြူရော်ဖြစ်နေကာ ညအိပ်ဝတ်စုံကြီးဖြင့် ဆေးရုံထဲဝင်လာတဲ့ ဟယ်ရီကို လူတွေက ထူးဆန်းသလိုကြည့်နေကြသည်။

"ညီမ Mr Draco Malfoy ဘယ်အခန်းမှာလဲ.."

ကောင်တာတွင်ထိုင်သော ကောင်မလေးက သူ့ကိုသေချာကြည့်နေသည်။ ပြီးတော့ စာအုပ်ကိုလှန်ပြီး..

"အပေါ်ထပ်မှာပါ..အခန်းနံပါတ် 117 ပါ.."

အပေါ်ထပ်ဆိုသည့်အတွက် ဓာတ်လှေကားနှင့်တက်ရမည်။ မနက်ဝေလီဝေလင်းဖြစ်သည့်အတွက် ဆေးရုံတွင်လူများမနေ။ ဓာတ်လှေကားတွင်လည်း ဟယ်ရီတစ်ယောက်သာရှိနေသည်။

အပေါ်ထပ်ရောက်သောအခါ အခန်းနံပါတ် 117 ကို အမြန်လိုက်ရှာသည်။ ထောင့်ဆုံးကအခန်းလေးဖြစ်သည်။ ဟယ်ရီ အမြန်ပဲသွားလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။

"ပေါ်တာ.."

ဒရေကိုက သူ့ကိုအံ့သြသလိုကြည့်နေသည်။ ဒရေကိုရဲ့ဘေးတွင်လည်း တွန်ရစ်ဒယ်က မတ်တပ်ရပ်နေသည်။

ဟယ်ရီ ဘာမှပင်မပြောတော့ဘဲ ဒရေကိုအနားသို့လျှောက်လာသည်။

"ဒရေကို.."

ရုတ်တရက် သိုင်းဖက်လိုက်သော ဟယ်ရီကြောင့် ဒရေကို့ ရင်ခုန်သံတို့မှာ ဆိုင်းဝိုင်းကဲ့သို့ဖြစ်နေပြီ။ ဘေးတွင်ရပ်နေသော တွန်ရစ်ဒယ်က သူ့တို့ကိုတစ်ချက်ကြည့်ပြီး အပြင်သို့ထွက်သွားပေးသည်။

"ပေါ်..ပေါ်တာ..မင်းငိုနေတာလား.."

ရှိုက်သံလေးကြားရုံပင် ဒရေကို့ ရင်ထဲနာကျင်လာသည်။ ဟယ်ရီသည် သူ့ပုခုံးပေါ် မျက်နာအပ်ထားသည်။

"ပေါ်တာ.."

ဒရေကိုက ဟယ်ရီကိုဆွဲခွာလိုက်သည်။ မျက်ရည်စက်များက ပါးပြင်ပေါ်တွင်ရှိနေသေးသည်။ ဒရေကို မျက်ရည်စက်လေးတွေကို ညင်သာစွာလက်ဖြင့်သုတ်ပေးရင်း..

"ပေါ်တာ ငါတောင်းပန်ပါတယ်..မငိုနဲ့နော်..မင်းငိုတာက ငါ့ရင်ကိုဓားနဲ့မွှန်းနေသလိုပဲ.."

BFF OR NOT (Drarry ❤)Where stories live. Discover now