Ep (5) ❤

1K 129 7
                                    

Unicode

"ဒရေကို ငါ့ကိုစောင့်ပါအုံး.."

ခြေလှမ်းကျဲကျဲများဖြင့် ရှေ့ဆက်သွားနေသော ဒရေကိုရဲ့လက်ကို သူလှမ်းဆွဲလိုက်၏။

"ငါ..ငါ တောင်းပန်ပါတယ်.."

"ပေါ်တာ..အဲ့ကောင်ကို မင်းကာကွယ်ပေးစရာ မလိုပါဘူး.."

"အင်းပါ ငါ တောင်းပန်ပါတယ်လို့.."

ဒရေကို ခနလောက် ငြိမ်သက်သွားပြီးမှ..

"မင်း လက် တကယ် ဘာမှမဖြစ်တာ ဟုတ်ပါတယ်နော် ငါတို့ဆေးခန်းသွားကြမလား.."

ဒရေကိုရဲ့ စကားကြောင့် ဟယ်ရီ ရယ်မိ၏။

အရင်တုန်း တွေ့တိုင်းရန်ဖြစ်နေရတဲ့ ခေါင်းဖြူကောင်ရဲ့ ဂရုစိုက်ပေးတာခံရတာ တစ်မျိုးတော့ ကောင်းသား...။

"မင်း ဘာလို့ရယ်တာလဲ.."

"ငါဘာမှမဖြစ်ပါဘူး မင်းက အရမ်းစိတ်ပူနေသလိုပဲ ငါ့ကို.."

ဒရေကို မျက်နာကြီးတစ်ခုလုံး နီရဲသွား၏။

ဘာလို့ဒီလို ဖြစ်နေလဲဆိုတာ သူမသိပါ။
ဒါ ဟယ်ရီနဲ့သူနဲ့က အမြဲ အတူရှိခဲ့ကြတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ဟယ်ရီက သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့်လား။

"မင်းက ငါ့ရဲ့ သူငယ်ချင်းမို့လို့လေ.."

သူငယ်ချင်း...။
ဟုတ်တယ်..။ပေါ်တာက ငါ့ရဲ့သူငယ်ချင်း..။

.........................❤

စစ်ထရစ် အခန်းတံခါးကို အားဖြင့် ဆွဲဖွင့်လိုက်၏။

ဝုန်း...။

အခုထိ ဒရေကိုနဲ့ဟယ်ရီ အတူတူရှိနေတဲ့ ပုံရိပ်တွေက သူ့အတွေးထဲမှာ နေရာအပြည့်ယူထားဆဲပင်။

"စစ်ထရစ် ဘာဖြစ်လာတာလဲ.."

အိုလီဗာက သူ့အနားကိုအမြန်ပြေးလာပြီး..

"မင်းရဲ့ မျက်နာကရော ဘာဖြစ်လာတာလဲ.."

"မင်းအပူမပါဘူး.."

စိုးရမ်တကြီးနဲ့ သူ့မျက်နာကိုလာထိတဲ့ အိုလီဗာရဲ့ လက်ကို သူပုတ်ထုတ်လိုက်၏။

"ငါ ဆေးထည့်ပေးမယ်.."

"မလိုဘူး.."

အိုလီဗာ ဘာမှဆက်မပြောတော့။
ဘာကြောင့်ဆို စစ်ထရစ် ဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းမှန်း သူသာအသိဆုံးဖြစ်သည်။
အဲ့တာကြောင့်လဲ စစ်ထရစ်အနားမှာရှိနေပေးနိုင်တာ သူတစ်ယောက်ပဲရှိခဲ့သည် ထင်သည်။

BFF OR NOT (Drarry ❤)Where stories live. Discover now