Ep (6) ❤

989 116 10
                                    

Unicode

ဒရေကို ကားထဲတွင် သီချင်းလေးကိုဖွင့်ကာ လိုက်ဆိုနေမိ၏။

သူဒီနေ့စိတ်ကြည်လင်နေသည်။

ဆောင်းဦးမို့လို့ လေပြည်လေးတွေက သူ့ကို့တိုးဝှေ့တိုက်ခတ်နေသလို...။

ပေါ်တာနဲ့ သူနဲ့စတွေ့ခဲ့တဲ့နေ့ကိုတောင် သူသတိရမိလာ၏။

အဲ့နေ့က ဟယ်ရီရဲ့ 5 နှစ်ပြည့်မွေးနေ့ဖြစ်သည်။

ရောင်စုံဘောလုံးလေးတွေနားမှာရပ်နေတဲ့ မျက်မှန်အဝိုင်းလေးတပ်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ကလေးလေးတစ်ယောက်ကို အခုထိသူမှတ်မိနေတုန်းပဲ။

ငယ်ငယ်တည်းကနေ အခုချိန်ထိ ချစ်ဖို့ကောင်းနေတုန်းပဲ။

ဒရေကိုတွေးရင်း ပြုံးလိုက်၏။

တဖြည်းဖြည်းနဲ့ သူဟယ်ရီရဲ့အိမ်သို့ ရောက်ရှိလာသည်။

ပေါ်တာ နိုးနေလောက်ပြီလို့တော့ သူထင်မိပါရဲ့။

"ဒရေကို သား စောစောစီးစီးပါလား.."

မိးဖိုချောင်မှာ မနက်စာပြင်နေတဲ့ လီလီက ဒရေကိုကိုမြင်တော့ လှမ်းပြောလေသည်။

"ဟုတ် အန်တီ"

"ထိုင် သား..ဟယ်ရီက မျက်နာသစ်နေတုန်း..သား မနက်စာပါစားသွားနော် အန်တီ ရှယ်ချက်ထားတာ.."

လီလီက ပြောပြောဆိုဆိုဖြင့် သူချက်ထားသည့် စားစရာများကို စားပွဲပေါ်ကိုချပေး၏။

အသားညှပ်ပေါင်မုန်၊ကြက်သားစွပ်ပြုတ်၊ချောကလက်ကိတ်နဲ့ အသီးဖျော်ရည်။

လီလီ အောက်မှာ ဒရေကိုရောက်နေပြီဖြစ်တဲ့အတွက် ဟယ်ရီကို လှမ်းခေါ်လိုက်၏။

"ဟယ်ရီ"

တစ်ချက်ခေါ်လိုက်သော်လဲ ဟယ်ရီဆီက ဘာသံမှပြန်မကြားရ။

လီလီ ခေါင်းခါလိုက်ပြီး ဒရေကိုဘက်ကို လှည့်လိုက်ကာ..

"သား ကြိုက်တယ်မလား ဒရေကို.."

"ဗျာ ဘာကိုလဲ.."

"မုန့်တွေကိုပြောတာလေ..အန်တီက ဘာကိုပြောတယ်ထင်လို့လဲ.."

BFF OR NOT (Drarry ❤)Where stories live. Discover now