Unicode
စူးရှတဲ့နေရောင်သည် ပြတင်းပေါက်ကနေတဆင့် ဒရေကိုရဲ့ မျက်နာထက်သို့ ကျရောက်လာသည်။ သူ လေးလံနေတဲ့နေတဲ့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
ညကသောက်တာများသွားလို့ ခေါင်းကတစ်ချက်တစ်ချက်ကိုက်နေသေးသည်။သူ နားထင်ကို လက်ဖြင့်ဖိထားရင်း ညကအဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာသည်။
မနေ့ညက ပေါ်တာကငါ့ကို ခေါ်လာပေးတာပဲ။ပြီးတော့..
What! ငါသူ့ကို နမ်းလိုက်မိတယ်...။
Oh my god! ငါပေါ်တာကို နမ်းလိုက်မိတယ်...။ဒရေကို ထိုင်လိုက်ထလိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေတော့သည်။သူ့ခေါင်းတစ်ခုလုံး ပူထူနေကာ ခေါင်းကိုက်တာတောင် ဘယ်ရောက်လို့ရောက်သွားမှန်းမသိပေ။
*ငါလေ မင်းကို ချစ်တယ်..*
ထိုစကားကို သူပြန်ကာကြားယောင်လာခဲ့...။တကယ်ကြီး ငါအဲ့လိုပြောခဲ့မိတာလား..။
သူမျက်နာတစ်ခုလုံး နီရဲလာတော့၏။
သူ ပေါ်တာကို မျက်နာချင်းမဆိုင်ဝံ့တော့ပါ။ပေါ်တာ ငါ့ကို မုန်းသွားလောက်ပြီလား...။
......................❤
ဟယ်ရီ ဒီနေ့အစောကြီးနိုးနေလေသည်။
မနေ့ညက ဖြစ်ခဲ့တာကို ပြန်တွေးကြည့်တိုင်း သူ့ရင်ခုန်သံများသည် စည်းချက်မမှန်တော့ပေ။ဒရေကိုပြောတဲ့ "ချစ်တယ်" ဆိုတဲ့စကားဟာ သူ့ရင်ကို နွေးထွေးစေပါ၏။ထိုစကားသည် အကြိမ်ကြိမ် သူ့နားထဲတွင် ပြန်ကာကြားယောင်နေတော့သည်။
အချိန်ကိုကြည့်လိုက်တော့ ၈ နာရီလောက်တောင်ရှိနေပြီဖြစ်သည်။
မနေ့က တွန်ရစ်ဒယ်က သူ့ကိုခေါ်ထားတာကို အခုမှသတိရတော့သည်။သူ တွန်ရစ်ဒယ်ဆီ ထွက်လာခဲ့သည်။လာရာလမ်းတစ်လျှောက်လည်း တစ်ယောက်သောသူအကြောင်းကိုပဲ တွေးနေမိတာဟာ သူ့ကိုစိတ်ရှုပ်စေသည်။
"ရောက်လာပြီလား..ဟယ်ရီ.."
ဧည့်ခန်းမှာထိုင်ကာ ကော်ဖီသောက်နေတဲ့ တွန်က ဟယ်ရီကိုတွေ့တော့ ပြုံးပြကာနှုတ်ဆက်၏။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanficဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤