Unicode
ကစားကွင်းရောက်ကတည်းက ရိုစ့်ကသာ ပျော်ပျော်ရွှင်ရွှင်နှင့် ဆော့ကစားနေသော်လည်း ရွန်ကတော့ ဆန့်ကျင်ဘက်ပင်။
သူ့မျက်နာသည် ရည်းစားပူမိနေသလို ပျက်ယွင်းနေသည်။"ဒက်ဒီ ဘာဖြစ်နေတာလဲ..မပျော်ဘူးလား.."
ရိုစ့်က ဘောလုံးနှင့်ကစားနေရင်းမှ ထလာကာ သူ့အင်္ကျီစလေးကိုဆွဲရင်း ခပ်တိုးတိုးဆိုသည်။
"ဟင်..အင်း..မဟုတ်ပါဘူး..သမီးရယ်.."
ရွန် အတတ်နိုင်ဆုံးပြုံးလိုက်ကာ ရိုစ့်ရဲ့ပါးဖောင်းဖောင်းလေးကို လက်နှင့်ဖွဖွလေးဆွဲညှစ်လိုက်သည်။
"ဒက်ဒီ မာမီမလိုက်လာလို့ ဝမ်းနည်းနေတာလား.."
ရို့စ်ရဲ့ စကားကိုကြားတော့ ရွန် ခနလောက်တွေသွားပြီးတော့မှ ပြန်၍ပြုံးလိုက်ကာ..
"မဟုတ်ပါဘူး..သမီး..လာ..ဒက်ဒီနဲ့ ရေခဲမုန့်သွားဝယ်စားရအောင်.."တမင်စကားစဖြတ်လိုက်ပြီး ရိုစ့်လက်ကိုဆွဲကာ ရေခဲမုန့်ဆိုင်သို့ခေါ်လာလိုက်သည်။
ရိုစ့်အပေါ်ကိုတော့မလိမ်ညာချင်ခဲ့ပါ ၊ ဒါပေမဲ့ သူဝမ်းနည်းမိတာတော့ အမှန်...။
သူငယ်ချင်းသုံးယောက်ရှိခဲ့သည် ၊ ဟာမွန်နီက သူ့ထက်စာရင် ဟယ်ရီကိုပိုပြီး သံယောစဥ်ရှိသည်ဟုထင်သည်။သူက ဒုတိယလူတစ်ယောက်သာ...။
ဒါပေမဲ့လည်း ဘယ်လိုလုပ်ရမလဲ။
ဟာမွန်နီကို သူချစ်သည်လေ...။........................❤
"ကဲ..ပြောပါအုံး..ဘာကိစ္စများလဲ..ဟယ်ရီ"
ဟာမွန်နီနဲ့အပြောကို သူခေါင်းငြိမ့်လိုက်ပြီး ခွက်ထဲမှကော်ဖီကို အရင်တစ်ငုံသောက်လိုက်သည်။ တကယ်ပဲသူပြောလိုက်သင့်လား...၊ ဟာမွန်နီက သူ့ကိုတစ်မျိုးထင်သွားရင်ကော...။
"ဟို..ငါ.."
ပြောမှာဖြင့်မပြောဘဲ စကားပလ္လင်တွေခံနေသေးတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ဟာမွန်နီသက်ပြင်းသာချလိုက်သည်။
"ပြောမှာဖြင့်ပြောပါဟ.."
"အေးပါ..ပြောမယ်.."
ဟယ်ရီက ကော်ဖီခွက်ကို ဆုပ်ကိုင်ထားရင်းမှ စားပွဲပေါ်ကိုသာ အကြည့်ပို့ထားသည်။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤