Unicode
"ဒရေကို.."
ဒရေကို သည် သူ့ကို စူးစူးဝါးဝါးကြည့်နေပြီး သူ့အနားသို့ တဖြည်းဖြည်း လမ်းလျှောက်လာသည်။
"ဟယ်ရီ.."
ဒရေကိုရဲ့ မျက်ဝန်းပြာတို့သည် ရစ်မူးရီဝေနေသလို...။
သူသောက်ထားတာများလား...။
"ငါမင်းကို အရမ်းလွမ်းနေတာ.."
တိုးလျလျစကားသံက ဟယ်ရီ အတွက် နွေးထွေးမှုလေးတစ်ခု ရလိုက်သလို...။
"မင်း သောက်ထားတာလား.."
"နည်းနည်းပါ.."
ထိုအချိန်တွင် သူတို့ကိုကြည့်နေသူ တစ်ဦးရှိ၏။ထိုသူကား စစ်ဒရစ် ပင်။
စစ်ဒရစ်သည် သူတို့နားကို လျှောက်လာခဲ့ပြီး..
"ဟယ်ရီ မင်းကိုယ့်မွေးနေ့ပွဲကို တကယ်လာပေးတာလဲ.."
"လာပေးရမှာပေါ့ စစ်ဒရစ်ကိုယ်တိုင်ဖိတ်ထားတာပဲကို.."
"မင်းကိုယ်နဲ့လိုက်ခဲ့ပေးမလား ဟိုဘက်မှာ မင်းကိုပြစရာရှိလို့.."
"ဒရေကို ခနနော် ငါပြန်လာခဲ့မယ်.."
ဟယ်ရီ ဒရေကိုပြောပြီး စစ်ဒရစ်နဲ့အတူ ထွက်သွားလေသည်။
ဒရေကို ထိုနေရာမှာပဲ ကျန်ရစ်ခဲ့ပြီး..
ငါက မင်းအတွက် အရေးမပါတော့ဘူးပဲ...။
..........................❤
စစ်ဒရစ်သည် ဟယ်ရီကို စံအိမ်ရဲ့ပန်းခြံထဲကိုခေါ်လာတာဖြစ်သည်။မီးရောင်စုံလေးတွေနဲ့ လှပအောင် သူမနေ့တည်းက ပြင်ဆင်ထားခဲ့တာဖြစ်သည်။
"မင်း သဘောကျတယ်မလား ဟယ်ရီ.."
ဟယ်ရီ "အင်း" ဟုသာ ပြန်ဖြေလိုက်၏။
သူ အပြင်အဆင်တွေကို တကယ်လည်း သဘောကျပါသည်။ဒါပေမဲ့ ဘာလို့ သူ့ရဲ့စိတ်က ဒရေကိုဆီပဲရောက်နေမှန်း သူကိုယ်တိုင်လဲ မသိတော့ပေ။
"စစ်ဒရစ် မင်း ပြောစရာမရှိတော့ရင် ငါသွားတော့မယ်.."
စစ်ဒရစ် ဟယ်ရီလက်ကိုလှမ်းဆွဲလိုက်ပြီး..
"ဒရေကို စောင့်နေလို့မလား..မင်းသူ့ကို အဲ့လောက်တောင် သဘောကျတာလား.."
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤